25 C
Yangon

Breaking News- သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ သေဆုံးပြီး ဒဏ်ရာရရှိသူ အလွန်များပြား၊ နယ်မြေရှင်းလင်းစဉ် လက်နက် ၄၅ လက် သိမ်းဆည်းရရှိ

Must read

Breaking News- သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ သေဆုံးပြီး ဒဏ်ရာရရှိသူ အလွန်များပြား၊ နယ်မြေရှင်းလင်းစဉ် လက်နက် ၄၅ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၂၁

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီအချိန်အထိ သံတွဲမြို့ နယ်၊ သံတွဲ-တောင်ကုတ်ကားလမ်းထက် သူဌေးချောင်းအနီး၊ ရွှေလှေရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်AA တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေဖြင့် သေနတ် ၄၅ လက်ကျော်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“စစ်ကောင်စီဘက်မှာ ၃၀ ကျော်သေဆုံးပြီး ဒဏ်ရာအမြားအပြား ရရှိတယ်။ လက်နက်ကတော့ ၄၅ လက် သိမ်းဆည်းရရှိပါတယ်” ဟု AA သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ရွှေလှေကျေးရွာတိုက်ပွဲတွင် စစ်တပ်ဘက်မှ အများအပြား ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ရွှေလှေကျေးရွာနှင့် လင်းသီကျေးရွာတို့တွင် အရပ်သား ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရှိရသည်။

(ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဗီဒီယိုကို ကြည့်ရှုနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article