25 C
Yangon

မံစီမြို့သိမ်းတိုက်ပွဲတွင် ခမရ ၃၁၉ တပ်၏ ကာကင်းစခန်း ၂ ကို သိမ်းပိုက်ရရှိပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

Must read

ရန်ကုန်၊ မေ ၂၂

ကချင်ပြည်နယ်၊ မံစီမြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိနေသော စစ်ကောင်စီတပ်ရင်း ၂ ခုဖြစ်သော ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တို့ကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိရာ ခမရ ၃၁၉၏ ကာကင်းစခန်း ၂ ခု ကို ယမန်နေ့ ညပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၇ ရက်နေ့မှစတင်ပြီး မံစီမြို့နယ်ရှိ ရဲစခန်းများနှင့် တပ်စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ မံစီမြို့နယ်ရဲစခန်းကို ယင်းနေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မံစီမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော ခမရ ၃၁၉ နှင့် ခမရ ၆၀၁ စခန်းတို့ကို ဆက်လက်တိုက် ခိုက်ခဲ့ရာ ယမန်နေ့ မေလ ၂၁ ရက်နေ့ညပိုင်းတွင် ခမရ ၃၁၉ တပ်စခန်း၏ ကာကင်း စခန်း ၂ ကို သိမ်းပိုက်ရရှိကြောင်း၊ ကျန်ရှိနေသော ခမရ ၆၀၁ စခန်းကိုလည်း ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ခမရ ၃၁၉ ရဲ့ ကာကင်းစခန်း ၂ ခုကို ရပါပြီ။ ခမရ ၆၀၁ ကိုတော့ ဆက်တိုက်နေဆဲပဲ။ မေလ ၇ ရက်နေ့ကတည်းက စတိုက်နေတာ မေလ ၂၁ ရက်နေ့မှာ ခမရ ၃၁၉ ရဲ့ ကာကင်းစခန်း ၂ ခုကို ရပါတယ်။ ခမရ ၆၀၁ ကလည်း မကြာခင်ရဖို့ရှိပါတယ်။ မြေပြင်မှာ သူတို့ စစ်ကူ မလာနိုင်ဘူး။ လေကြောင်းတိုက်ခိုက်မှုတွေပဲ စစ်တပ်ဘက်က လုပ်နိုင်တော့တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မံစီမြို့တွင်း တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက စိုးမိုးထားပြီး ဌာနဆိုင်ရာရုံးများအားလုံးကို သိမ်းပိုက်ထားရှိကြောင်း၊ ခမရ ၃၁၉ နှင့် ခမရ ၆၀၁ စခန်းတို့ကို ရရှိပါက မံစီတစ်မြို့နယ်လုံးကို KIA လက်အောက် ကျရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article