25 C
Yangon

မြင်းခြံ၊ ကိုင်းရွာမှ ထွက်လာသော စစ်ကြောင်းကို ၂ ကြိမ်ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

Must read

ရန်ကုန်၊ မေ ၂၂

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၂ MGN Tiger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၈ ရက်နံနက် ၈ နာရီခန့်မှ နံနက် ၁၁ နာရီ မိနစ် ၃၀ ခန့်အထိ တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်မှ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်အထိတစ်ကြိမ် အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ် စစ်ကြောင်းကို မြင်းခြံမြို့နယ်၊ ကိုင်း ရွာနှင့် ရွာသစ်ရွာကြား၌ ၂ ကြိမ်ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၁၅ ဦးခန့် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲထဲမှာက တစ်ယောက်သေတာ၊ နေက်ထပ်သိရတာက နှစ်ယောက်ထပ်သေတယ်။ ကိုင်းရွာ ကနေ ရွာသစ်ရွာဘက်ကို အသွား ရွာသစ်မရောက်မီ တိုက်ခိုက်ခဲ့တာပါ။ ၂ ကြိမ်လုံးပါပဲ။ တလုတ် ရယ်၊ ဆီမီးခုံရယ်ပေါင်းပြီး စစ်ကြောင်းထိုးတာ၊ တလုပ်ကနေစပြီး ထွက်လာတဲ့စစ်ကြောင်း အင်အား က ၂၀၀ ကျော်တယ်။ ထွက်တာက မေလ ၁၃ ရက်နေ့ကတည်းကပဲ၊ ဒီနေ့အထိလည်း လှည့်လည် နေတုန်းပါ၊ မြင်းခြံမြို့မြောက်ဘက် တောပုရွာကို ရောက်နေပါတယ်” ဟု မြင်းခြံ ခရိုင် တပ်ရင်း ၂ တပ်ခွဲ ၂ MGN Tiger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဆီမီးခုံဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘောဖြင့် ကျောင်းဖြူအရှေ့ဘက် ရေကြောင်းမှ တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဒရုန်းအသုံးပြုပြီး ၆၀ မမဗုံးသီးများဖြင့် ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ -မြင်းခြံ 21ပြောက် ကျားတပ်ဖွဲ့၊ ၊MGN Tiger ၊Taloke PDF နှင့် One PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article