25 C
Yangon

KIO ဌာနချုပ် လိုင်ဇာအနီးကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးများကျဲနေပြီး မြစ်ကြီးနားမြို့မှ ၀ိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးများ စစ်ကောင်စီက ပစ်ခတ်နေ

Must read

ရန်ကုန်၊ မေ ၂၂

ကချင်ပြည်နယ်၊ KIO ဌာနချုပ် ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်တပ်က တိုက် လေယာဉ်များဖြင့် တောက်လျှောက် ဗုံးများကျဲနေကြောင်း KIA သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန်မှစတင်၍ စစ်ကောင်စီ ၏ တိုက်လေယာဉ်များနှင့် Y 12 လေယာဉ်များက ဗုံးများကျဲချနေခြင်းဖြစ် ကြောင်း သိရှိရသည်။

“ဗုံးတွေ လာကျဲတာတော့ ၃ ကြိမ်လောက်တော့ရှိနေပြီ။ လိုင်ဇာနားကို အဓိက ပစ်မှတ်ထားပြီး ဗုံးလာကျဲတာ။ လေယာဉ်တွေ ပျံဝဲနေတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် မြစ်ကြီးနားမြို့နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်ကောင်စီတပ် ရင်းများက ၀ိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်း သိရှိရသည်။

“မြစ်ကြီးနားမြို့ပေါ်မှာတော့ ဒုံးပစ်သံတွေ ဆူညံနေတယ်။ ၀ိုင်းမော်ဘက်ကို ပစ်တယ်လို့ယူဆရတယ်” ဟု မြစ်ကြီးနားမြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ ညပိုင်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ ၃၂၁ စခန်းကို KIA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်မှုများ၊ လေ ကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

မေလ ၁၈ ရက်နေ့မှစတင်ပြီး ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ဦးဆောင်သော တော် လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်စခန်းများကို တောက်လျှောက်ဆိုသလို သိမ်းပိုက်ခဲ့ရာမှ ယနေ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ရွှေညောင်ပင်ကျေးရွာမှ ခမရ ၃၂၁ အခြေစိုက်စခန်းကို သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“စခန်းက အတော်ကို အခိုင်အမာဆောက်ထားတဲ့ စခန်းကြီးပါ။ ရွှေညောင်ပင်နားမှာ တိုက်ပွဲဖြစ်နေတာက ဇန်နဝါရီ လောက်ကတည်း ကြိုကြားကြိုကြားဖြစ်တယ်။ တကယ်တမ်း စစ်ဆင်ရေးနဲ့ တိုက်တာကတော့ မတ်လ၇ ရက်နောက် ပိုင်းမှတိုက်တာ။ စခန်းကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲခုခံတာတွေ လုပ်တဲ့ကြားက သိမ်းဆည်းရရှိပါတယ်။ ကိုယ့်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိပါတယ်။ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတုန်းမို့ ဘာမှ ပြောလို့မရသေးဘူး” ဟု ရှေ့တန်း KPDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ၀ိုင်းမော်မြို့အနီးတွင်လည်း စစ်ရေးတင်းမာလျက်ရှိပြီး ပြည်သူ များ စတင်ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မေလ ၂၁ ရက်နေ့ ညပိုင်း မြစ်ကြီးနားဘက်မှ ၀ိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးများ ပစ်ခတ်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မေလ ၂၁ ရက်နေ့ ညပိုင်း မြစ်ကြီးနားဘက်မှ ၀ိုင်းမော်ဘက်သို့ အတွဲလိုက်ဒုံးများ ပစ်ခတ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article