25 C
Yangon

ချောင်းဦးမြို့နယ် မီးသတ်ရုံးအနီး မိုင်းရှင်းရန်ထွက်လာသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မီးသတ်ရုံးအနီး မိုင်းရှင်းရန်ထွက်လာသည့် အကြမ်းဖက် စစ်သားများကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း BRAVE HEART ARMY-BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၁ ရက်နေ့တွင် ချောင်းဦးမြို့နယ် မီးသတ်ရုံးတွင် တပ်စွဲထားသော စစ်သားများသည် ကြေးနီကားများကို လမ်းကင်းယူပေးပြီး မိုင်းရှင်းရန် ထွက်လာသော စစ်သား ၃ ဦးကို BRAVE HEART ARMY-BHA အဖွဲ့မှ ရဲဘော်များက စောင့်ဆိုင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦး လွတ်မြောက်သွားကြောင်း သိရသည်။

သေဆုံးသွားသော စစ်သား ၂ ဦးထံမှ MA-11 သေနတ် ၂ လတ်၊ ကျည်ဘောက် ၃ ဘောက်၊ လက်ပစ်ဗုံး ၁ လုံး ၊ ၅.၅၆ ကျည် ၄၀ တောင့်၊ ဦးထုပ် ၂ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု အတွင်း BRAVE HEART ARMY-BHA အဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MONYWA SPECIAL ဒိတ်ဒိတ်ကြဲ နှင့် Yourth Revolution Attack Force တို့မှ ငှားရမ်းသော လက်နက် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် လက်နက်နှင့် ကျည်များ လိုအပ်နေ၍ ပြည်သူများအနေဖြင့် BRAVE HEART ARMY -BHA (Page Messenger) ကို တိုက်ရိုက် ပါဝင် လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း BRAVE HEART ARMY-BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article