25 C
Yangon

ရခိုင်ပြည်တွင် အသက်ဆုံးရှုံးရသူများနှင့်ကျန်ရစ်သူများအတွက် တရားမျှတမှုရှိစေရေး ၊ ကြမ်းကြုတ်ရက်စက်မှုများ ကျူးလွန်သည့် စစ်တပ်နှင့် တာဝန်ရှိလက်နက်ကိုင်အဖွဲ့ကို ဒဏ်ခတ် အရေးယူမည်ဟု အမေရိကန်က ပြောဆို

Must read

ရန်ကုန်၊ မေ ၂၂

ရခိုင်ပြည်အတွင်း အခြေအနေများနှင့်ပတ်သက်၍ အမေရိကန်က စိုးရိမ်ပြီး အသက်ဆုံးရှုံးရသူများနှင့်ကျန်ရစ်သူများအတွက် တရားမျှတမှုရှိစေရေး ၊ ကြမ်းကြုတ်ရက်စက်မှုများ ကျူးလွန်သည့် စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့ကို ဒဏ်ခတ် အရေးယူမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူးမေလာ က ထုတ်ပြန်ပြောဆိုသည်။

မြို့များ မီးရှို့ခံရခြင်းနှင့် ရိုဟင်ဂျာများသာမက ဒေသနေပြည်သူများ အိမ်ယာစွန့်ခွာရခြင်းများအပါအဝင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများအကြောင်း သတင်းများကြောင့် အမေရိကန်ပြည်ထောင်စုက လွန်စွာ စိုးရိမ်မိကြောင်း၊ အဆိုပါဖြစ်စဉ်များမှာ ရိုဟင်ဂျာများကို အတင်းအကျပ်စစ်မှုထမ်းဆောင်စေခြင်းနှင့် လုပ်ကြံသတင်း၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်နှံ့နေခြင်းများကဲ့သို့ စိတ်မအေးဖွယ်ရာသတင်းများ၏ နောက်ဆက်တွဲအဖြစ် ဆင့်ကဲပေါ်ပေါက်လာကြောင်း အမေရိကန်က ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့် နိုင်ငံအတွင်းရှိ အခြားနေရာများတွင် လူ့အသိုက်အဝန်းများအကြား တင်းမာမှုများကို လှုံ့ဆော်ပေးလေ့ရှိသည့် စစ်တပ်၏ အတိတ်ကလုပ်ရပ်များအပြင် ရိုဟင်ဂျာများကို ပစ်မှတ်ထားပြီး ၄င်းတို့ ယခင်ကျူးလွန်ခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် အခြားသောရာဇဝတ်မှုများက ပြည်သူများအတွက် စိုးရိမ်ဖွယ် အန္တရာယ်ဖြစ်ကြောင်း မီးမောင်းထိုးပြနေကြောင်း၊ လတ်တလောတွင် အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများနှင့် လူမှုအသိုက်အဝန်းများအကြား တင်းမာမှုများက ကြမ်းကြုတ်ရက်စက်သောလုပ်ရပ်များ ယခုထက် ကျယ်ပြန့်စွာ ဖြစ်ပွားလာနိုင်ခြေရှိမှုကိုလည်း ပိုမိုမြင့်မားလာ စေကြောင်း အမေရိကန်က ထောက်ပြသည်။

အရပ်သားပြည်သူများကို အကာအကွယ်ပေးရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ အဟန့်အတားမရှိပေးအပ်ခွင့်ပြုရန် မြန်မာစစ်တပ်နှင့် တာဝန်ရှိသောလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို တောင်းဆိုကြောင်း၊ အရှိန်မြင့်လာသည့် အကြမ်းဖက်မှုများကို ရှုတ်ချကြရန်၊ လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ကြရန်၊ အနာဂတ်တွင် ကြမ်းကြုတ်ရက်စက်မှုများ မဖြစ်ပွားစေရေးအတွက် အကြမ်းဖက်မှုများမှ ရှောင်ပြေးသူများကို အကာအကွယ်ပေးအပ်ကြရန် နိုင်ငံတကာမိတ်ဖက်များကိုလည်း အမေရိကန် အားပေးတိုက်တွန်းကြောင်း ရန်ကုန်အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အမေရိကန်အနေဖြင့် အသက်ဆုံးရှုံးရသူများနှင့်ကျန်ရစ်သူများအတွက် တရားမျှတမှုရှိစေရေး တိုးမြှင့်ဆောင် ရွက်ရန်သာမက ကြမ်းကြုတ်ရက်စက်မှုများအတွက် တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် အမေရိကန်ပြည်ထောင်စုက ဆက်လက် သံန္နိဋ္ဌာန်ချထားပြီး နှိပ်စက်ကလူပြုမှုများ ကျူးလွန်သည့် စစ်တပ်နှင့် အခြားတာဝန်ရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း အမေရိကန် ဒဏ်ခတ်အရေးယူသွားဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

ဓာတ်ပုံ – မေလ ၂၀ ရက်နေ့ ရက္ခိုင်အရေး UN ၏ တဖက်သတ် ပြောကြားချက်အပေါ် အမေရိကန်ရောက် အာရက္ခပြည်သူလူထု ကန့်ကွက်ဆန္ဒပြကြစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မေလ ၂၀ ရက်နေ့ ရက္ခိုင်အရေး UN ၏ တဖက်သတ် ပြောကြားချက်အပေါ် အမေရိကန်ရောက် အာရက္ခပြည်သူလူထု ကန့်ကွက်ဆန္ဒပြကြစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article