26 C
Yangon

သံတွဲမြို့နယ်၊ လင်းသီချောင်းကူးတံတားအနီး စစ်သား အလောင်းများ မျောနေပြီး ဆယ်ယူမည့်သူမရှိ၊ သူဌေးရေအား လျှပ်စစ် စီမံကိန်းအနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

Must read

ရန်ကုန်၊ မေ ၂၂

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသီချောင်းကူးတံတားအနီး အကြမ်းဖက် စစ်သား အလောင်းများ မျောနေပြီး ဆယ်ယူမည့်သူမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် သံတွဲမြို့နယ်၊ လင်းသီချောင်းကူးတံတားအနီးတွင် စစ်သား အလောင်းများ မျောပါလာသည်ကို ဒေသ ပြည်သူများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သည့် တိုက်ပွဲတွင် ကျဆုံးခဲ့သော စစ်သားများ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ရေထဲမျောပါလာတာ စစ်သား အလောင်းတွေပါ။ လင်းသီတံတားအောက်က ချောင်းထဲမှာပါ ဘယ်ကမျောလာတယ်ဆိုတတော့ မသိရသေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ရခိုင်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့သော လင်းသီရွာနှင့် ရွှေလှေရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံး မီးလောင်ပြာကျကာ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီမှ မွန်းလွဲ ၂ နာရီအထိ သံတွဲမြို့ နယ်၊ ရွှေလှေရွာတွင် အကြမ်းဖက် စစ်တပ်နှင့် ရခိုင်တပ်တော် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ကျော် သေဆုံးကာ သေနတ် ၄၅ လက်ကျော်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သံတွဲမြို့နယ်၊ သူဌေးရေအား လျှပ်စစ်စီမံကိန်းအနီးရှိ ၅ မိုင်လမ်းတွင် ယနေ့ နံနက်ပိုင်း၌ ထိတွေ့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

2 COMMENTS

  1. […] ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသီချောင်းကူးတံတားအနီး အကြမ်းဖက် စစ်သား အလောင်းများ မျောနေပြီး ဆယ်ယူမည့်သူမရှိကြောင်း Source […]

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article