25 C
Yangon

နွားထိုးကြီးစစ်ဆေးရေး ဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် မိတ္တီလာလေတပ်မှ ဗိုလ်ကြီး၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာ

Must read

ရန်ကုန်၊ မေ ၂၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် တိုက် ခိုက်ခဲ့ရာ ဂိတ်တာဝန်ကျ မိတ္တီလာလေတပ်မှ ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင်ခန့်အချိန် နွားထိုးကြီးမြို့နယ်၊ ပြင်စည် ကျေးရွာအတွင်းမှ အင်အား ၃၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ခက်လန်း-တတ်စည်ကျေးရွာ အနီးတွင် ဂိတ်ချပြီး ပြည်သူများကို စစ် ဆေးမှု ပြုလုပ်နေစဉ် Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ Drone ဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် လေတပ်မှ ဗိုလ်ကြီး ၁ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရသည်။

“လေတပ်က တာဝန်ချထားတဲ့သူတွေ ဒရုန်းနဲ့ ဗုံးကျဲခံရပြီး သေဆုံးထိခိုက်တာဖြစ်တယ်။ မိတ္တီလာ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်(လထခ) ဗိုလ် ကြီး သေဆုံးပါတယ်။ နောက်ထပ် လထခက စစ်သည် ၂ ဦးဒဏ်ရာရတယ်။ နောက်တစ်ခါ မြေပြင်အတတ်သင်လေတပ်စခန်း(လမသ)က အရာခံ ဗိုလ် ၁ ဦးလည်း အပြင်းအထန်ဒဏ်ရာရပါတယ်။ လေတပ် ဗိုလ်ကြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရပါတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းကမူ ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေ ဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – ယမန်နေ့ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ်တွင် လဲကျသေဆုံးနေသူများနှင့် ထိခိုက်ဒဏ်ရာရရှိထားသူများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ ဒရုန်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ်တွင် လဲကျသေဆုံးနေသူများနှင့် ထိခိုက်ဒဏ်ရာရရှိထားသူများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article