25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • စစ်ကိုင်းတိုင်းက မုံရွာမြို့မှာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် PDF ထောက်ပို့တွေကို ဖမ်းဆီးခဲ့သူလည်းဖြစ် ငွေကြေးချမ်းသာတဲ့သူတွေကိုပါ ဖမ်းဆီးငွေညှစ်နေတဲ့ ရဲအရာခံ ဝင်းနိုင်ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေး- ပလဖ အဖွဲ့က ပြောပါတယ်။
  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ဇီးတောကျေးရွာဘက်ကို ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုတွေများသွားတဲ့အပြင် ၊ သူတို့ဆီက သေနတ် ၅ လက်နဲ့ ခဲယမ်းအချို့ကိုပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
  • ဧရာ၀တီတိုင်း၊ ညောင်တုန်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီခန့် ကွမ်းသီးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရဲနိုင်စိုးနဲ့ အပေါင်းအပါတွေဟာ စစ်မှုထမ်းဖို့ လူငယ်တွေကို မတရား ဖမ်းဆီးတာတွေ လုပ်နေပြီး ၊ ထွက်ပြေးရင် မိသားစုကို ပြသာနာရှာမယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article