25 C
Yangon

ကမ္ဘာ့ရွှေစျေးကျသော်လည်း မြန်မာ့ရွှေစျေး ကျဆင်းခြင်းမရှိဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၂ သိန်း ၃ သောင်းဖြင့် စံချိန်တင် စျေးထပ်တက်ပြန်

Must read

ကမ္ဘာ့ရွှေစျေးကျသော်လည်း မြန်မာ့ရွှေစျေး ကျဆင်းခြင်းမရှိဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၂ သိန်း ၃ သောင်းဖြင့် စံချိန်တင် စျေးထပ်တက်ပြန်

■ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျမှု ထိန်းမနိုင်သိမ်းမရ

ရန်ကုန်၊ မေ ၂၅

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် မြန်မာ့ရွှေစျေးနှုန်းမှာ ထပ်မံ၍ စံချိန်တင်မြင့်တက်ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၂ သိန်း ၃ သောင်းကျပ်အထိစံချိန်တင် ထပ်မံမြင့်တက်ခဲ့ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မေလ ၂၄ ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးသည် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၃၇ စျေးရှိပြီး စံချိန်တင် စျေးနှုန်းမှ ပြန်လည် ကျဆင်းလာကြောင်း၊ သို့ရာတွင် ကမ္ဘာ့ရွှေစျေးကျဆင်းသော်လည်း မြန်မာ့ရွှေစျေးမှာ ကျဆင်းခြင်းမရှိဘဲ စံချိန်တင် မြင့်တက်ရခြင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း၊ မေလ ၂၄ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၅၂ သိန်း ၃ သောင်းကျပ်ဖြင့် စျေးပိတ်ခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၃၀ ကျပ်နှင့် ၄၂၀၀ အကြား ညှိနှိုင်း၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုး မြင့်မားနေသည့်အတွက် မြန်မာ့ရွှေစျေး စံချိန်တင်မြင့်တက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်နှင့် မန္တလေးစျေးကွက်တွင် ရွှေကုန်သည်အများစု အရောင်းအဝယ် အနည်းသာလုပ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီး စစ်ဆေးမေးမြန်းမှုကို တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

“ကမ္ဘာ့ရွှေစျေးကျလည်း မြန်မာ့ရွှေစျေးက အရွက်စျေး (အမေရိကန်ဒေါ်လာ) မာတော့ စံချိန်တင် ပြန်တက်တယ်။ အခု စသုံးလုံးနဲ့ စရဖ ကြောက်တာနဲ့ ရန်ကုန်၊ မန္တလေး ရွှေကုန်သည်တချို့တော့ စျေးကွက်လည်း မလာဘူး။ အရောင်းအဝယ်လည်း ရပ်ထားကြတယ်။ စျေးကတော့ တက်ဦးမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာလည်း ဒေါ်လာ ရှားပါးမှုက ဖြစ်နေပြီ။ နယ်စပ်ကုန်သွယ်ရေးတွေလည်းရပ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း မဝင်ဆိုတော့ ကြာလေ၊ ကြာလေ ဒေါ်လာ ရှားလာလေပေါ့။ မြန်မာကျပ်ငွေ တန်ဖိုးထိုးကျတာကလည်း ထိန်းမနိုင် သိမ်းမရဖြစ်နေတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article