25 C
Yangon

မုံရွာမှာ ပြည်သူ့စစ်သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်စန်းချစ်နိုင် ကို မုံရွာ ပလဖက ဖမ်းဆီး

Must read

မုံရွာမှာ ပြည်သူ့စစ်သင်တန်းပေးနေတဲ့ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်စန်းချစ်နိုင် ကို မုံရွာ ပလဖက ဖမ်းဆီး

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာ-အရာတော်လမ်း ပိုင်းတစ်နေရာမှာ စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ် တစ်ဦးကို မုံရွာမြို့နယ် ပြည်သူ့လုံ ခြုံရေးအဖွဲ့က မေလ၂၂ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် ပလဖ အဖွဲ့က မုံရွာ-အရာတော်လမ်းပိုင်းမှာသွားလာနေတဲ့ ခရီသည်တင်ကားတွေကို လုံခြုံရေးစစ်ဆေးစဉ် ဒုတပ်ကြပ် စန်းချစ်နိုင် ကို ဖမ်း ဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လပြည့်နေ့ မေလ ၂၂ ရက်နေ့က လုံခြုံရေးဂိတ်မှာ ဖမ်းမိတာဗျ၊သူက လိုင်းကားနဲ့ သွားလာတဲ့အချိန်ဖမ်းမိတာ၊ကျွန်တော်တို့က သတင်းအရ ခရီးသည်တင်ကားတွေကို ပုံမှန်စစ်ဆေးတာရှိတယ်။အဲ့ဒီမှာ မိတာပါ”လို့ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဒုတာ၀န်ခံ ကိုသီဟ ကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဒုတပ်ကြပ် စန်းချစ်နိုင်ဟာ စစ်မှုထမ်းသက် ၁၅ နှစ်ရှိပြီး ခွင့်မဲ့နဲ့နေအိမ်မှာ နေထိုင်ပြီးမှ စစ်တပ်ထဲကို ပြန်လည်၀င်ရောက်လာကာ မုံရွာမြို့ ခမရ ၉၂၅ မှာ ပြည်သူ့စစ်တွေကို စစ်သင်တန်းပေးနေသူဖြစ်တယ်လို့ သိရပါတယ်။

“သူက တပ်ထဲပြန်၀င်လာတာတော့ ၃ လ ၀န်းကျင်ပဲရှိသေးတယ်ပြောတယ်။ ၉၂၅ ထဲမှာ ပြည်သူ့စစ်တွေကို သင်တန်းပေးနေတာ”လို့ မုံရွာမြို့နယ် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဒုတာ၀န်ခံ ကိုသီဟ က ပြောပါတယ်။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ဖမ်းဆီးထားတဲ့ ဒုတပ်ကြပ် စန်းချစ်နိုင် ကို သက်ဆိုင်ရာတာ၀န်ရှိတဲ့ အထက်အဆင့်ဆင့်ကို ပေးအပ်သွားမှာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article