25 C
Yangon

လှိုင်သာယာအနောက်ပိုင်းတွင် အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချမှု မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ နှုတ်ဆိတ်နေကြ

Must read

လှိုင်သာယာအနောက်ပိုင်းတွင် အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချမှု မဘသနှင့် အမျိုးသားရေးအစွန်းရောက်များ နှုတ်ဆိတ်နေကြ

■ အစွန်းရောက် မဘသ ဘုန်းကြီး ပေါက်ကိုယ်တော်က လှိုင်သာယာမှ ဗုဒ္ဓရုပ်ပွားတော်ကို ကျူးကျော်များက နေအိမ်မဖျက်စေရန် ခုတုံးလုပ်တည်ထားခြင်းဟုဆို

ရန်ကုန်၊ မေ ၂၆

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊အနောက်ပိုင်းတွင် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် ဖြိုချမှုအပေါ် မဘသနှင့် အမျိုးသားရေးအစွန်း ရောက်များက နှုတ်ဆိတ်နေကြကြောင်း သိရှိရသည်။

မေလ ၂၄ ရက်နေ့တွင် စစ်တပ်နှင့်ရဲက လှိုင်သာယာမြို့နယ်၊ အနောက်ပိုင်း၊ အပြင်ပဒံအုပ်စု၊ ကျွန်းကြီးကျေးရွာရှိ နေအိမ် ၃၀၀ ကျော်နှင့် ဉာဏ်တော် ၂၄ ပေရှိ ထိုင်တော်မူ အေးငြိမ်းချမ်းသာ ဗုဒ္ဓရုပ်ပွားတော်ကို ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

“ဘုရားဖြိုချတဲ့ ကိစ္စက ဆရာတော်၊ သံဃာတော်တွေ ဘာမှ မပြောတော့ ကျနော်တို့မှာ မှတ်ချက် ပေးစရာမရှိပါဘူး။ ဘုရားကလည်း ဘုရားဖြစ်သေးတာမဟုတ်ဘူး။ ဘိလပ်မြေနဲ့ အင်္ဂတေ အဆင့်ပဲရှိသေးတာလေ။ တည်နေတာတောင် မပြီးသေးဘူး။ ” ဟု သာကေတမြို့နယ်မှ မဘသနှင့်အမျိုးသားရေးအစွန်းရောက် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မဘသ အစွန်းရောက် ပေါက်ကိုယ်တော်ကမူ လှိုင်သာယာမှ ဗုဒ္ဓရုပ်ပွားတော်ကို ကျူးကျော်များက ခုတုံးလုပ်ပြီး ကျူးများကို မဖျက်စေရန် ဘုရားတည်ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လုပ်ဆောင်ခြင်းမဟုတ်ဘဲ ကုမ္ပဏီတစ်ခုက လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မီဒီယာများက စစ်တပ်က လုပ်ဆောင်နေခြင်းဟု စွပ်စွဲနေခြင်းမှာ မီဒီယာသမားများ၏ မိခင်နှင့်ညီမများ ဗိုက်ကြီးလျှင်လည်း စစ်တပ်၏ လက်ချက်ဟု ဆိုကြလိမ့်မည်ဟု ယုတ်ယုတ်မာမာဖြင့် တုံ့ပြန် ပြောဆိုသည်။

“အခုရေးနေတဲ့ ခေတ်သစ်တို့ ၊ Mizzima တို့ သူတို့ရဲ့ နှမတွေ၊ သူတို့ရဲ့ အမတွေ သူတို့ရဲ့ အမျိုးတွေ ဗိုက်ကြီးလို့ရှိရင်လည်း စစ်တပ်က လုပ်တာလို့ ပြောမှာလား။ ဒါမေးခွန်းထုတ်တာ။ ကျူးတွေကို ဖျက်တော့မယ်အချိန်ကျရင် ဘုရားကို ဓားစာခံလုပ်တာလည်းရှိတယ်။ ဘုရားကြီးကောက်တည်လိုက်ရင် ကျူးတွေ အဖျက်မခံရတော့ဘူးဆိုတဲ့အနေအထားတွေလည်းရှိတယ်” ဟု အစွန်းရောက် မဘသဘုန်းကြီး ပေါက်ကိုယ်တော်က မဘသ မီဒီယာမှတစ်ဆင့် ပြော ဆို သည်။

မေလ ၂၄ ရက်နေ့ စစ်တပ်၏ ဖျက်ဆီးမှုကြောင့် လှိုင်သာယာမြို့နယ်အနောက်ပိုင်း၊ အပြင်ပဒံရပ်ကွက်၊ ကျွန်းကြီးကျေးရွာမှ အိမ် ခြေ ၃၀၀ ပျက်စီးသွားပြီး လူဦးရေ ၁၅၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်သွားရကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က အေးငြိမ်းချမ်းသာထိုင်တော်မူ ရုပ်ပွားတော်မြတ်ကို ဘူဒိုဇာဖြင့် ဖြိုဖျက်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article