25 C
Yangon

မြိတ်ခရိုင် PDF စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ တို့ကို ဒုတိယအကြိမ် လက်နက်များတပ်ဆင်

Must read

မြိတ်ခရိုင် PDF စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ တို့ကို ဒုတိယအကြိမ် လက်နက်များတပ်ဆင်

ရန်ကုန်၊ မေ ၂၆

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ် ၃ ၊ တိုင်းစစ်ဌာန (တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂တို့ကို လက်နက်တပ်ဆင်လိုက်ကြောင်း သိရှိရသည်။

မေလ ၂၆ ရက်နေ့တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂တို့ထံသို့ လက်နက်တပ်ဆင် ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် တိုင်းတာဝန်ခံ ရဲဘော် STAR က အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ တိုင်းစစ်ဌာန(တနင်္သာရီ) မှ ပြည်သူ့လုံခြုံရေးတာဝန်ခံ ရဲဘော် ငှက်ခါး ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူး၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ မှ ဒုစစ်ကြောင်းမှူး နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တို့က လက်နက်ပေးအပ်ရခြင်း နှင့် စစ်ကြောင်းအလိုက် ဖော်ဆောင်နေသည့် စစ်ဆင်ရေးရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး စစ်ကြောင်းများထံသို့ ဒုတိယအကြိမ် လက်နက်များ ပေးအပ်တပ်ဆင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒုတိယအကြိမ် လက်နက်ပေးအပ်ခြင်းအခမ်းအနားသို့ တိုင်းစစ်ဌာန(တနင်္သာရီ)မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၂ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ နှင့် ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်ဆင်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ် ရင်း ၂ ၏ တပ်ခွဲ ၁ ၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ၊ ADF Drone လက်ရုံးတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၂ တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂ ၏ တပ်ခွဲ ၂ ၊ တနင်္သာရီမြို့နယ် ပကဖ၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ် ပကဖ နှင့် တိုင်းစစ်ဌာန(တနင်္သာရီ) စစ်ဆင်ရေးဌာန ၏ Drone လက်ရုံးတပ်ဖွဲ့ Dragon Squad တို့ဖြင့် ဖွဲ့စည်းထားကြောင်း၊ မြိတ်ခရိုင်အတွင်း စစ်ဆင်ရေးဖော်ဆောင်နေသည့် စစ်ကြောင်းများ ဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article