25 C
Yangon

NUG အစိုးရ ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သည့် အခြေခံ ပညာပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်မှု ဖြေဆိုရန် လျှောက်ထားသူ ၇၅၀၀၀ ဦးခန့်ရှိပြီး အောင်လက်မှတ်ရရှိသူ ၅၀၀၀၀ ခန့် ရှိ

Must read

NUG အစိုးရ ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သည့် အခြေခံ ပညာပြီးမြောက်ကြောင်း စစ်ဆေး အကဲဖြတ်မှု ဖြေဆိုရန် လျှောက်ထားသူ ၇၅၀၀၀ ဦးခန့်ရှိပြီး အောင်လက်မှတ်ရရှိသူ ၅၀၀၀၀ ခန့် ရှိ

ရန်ကုန်၊ မေ ၂၆

အမျိုးသားညီညွတ်ရေး အစိုးရ ပညာရေးဝန်ကြီးဌာနသို့ ၂၀၂၃ ခုနှစ်တွင် အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေး အကဲဖြတ်ခြင်း (BECA) ဖြေဆိုရန် လျှောက်ထားသူ ၇၅,၀၀၀ ဦးခန့်ရှိကာ ဘာသာစုံဖြေဆိုသူ ၅၆,၀၀၀ ဦးခန့် ရှိခဲ့ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီးဌာနက မတ်လ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဖြေဆိုသူများထဲတွင် စည်းကမ်းချက်နှင့် အညီ ဖြေဆို၍ အောင်လက်မှတ် (Certificate) ရရှိသူ ၅၀,၀၀၀ ခန့် ရှိပြီး စည်းကမ်းချက်နှင့် မညီ၍ Certificate မရသူ ၆,၀၀၀ ခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

စည်းကမ်းချက်များနှင့် ကိုက်ညီစွာ ဖြေဆိုလျက် Certificate မရရှိခဲ့ဟု ယူဆသည့် စာဖြေသူများအနေနှင့် ရလဒ်နှင့် ပတ်သက်၍ ပြန်လည် စစ်ဆေးနိုင်ရန် Complaint form လျှောက်ထားနိုင်ကြောင်း ၊ Complaint form များပြားပါက စစ်ဆေးခြင်းလုပ်ငန်းစဉ် ကြန့်ကြာနိုင်၍ စောင့်ဆိုင်းပေးရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က Complaint Form တင်၍ ပြန်လည်စစ်ဆေးရန် လျှောက်ထားလိုပါက ငွေကျပ် ၃၀၀၀၀ ပေးသွင်းရမည့် အစီအစဉ်ရှိခဲ့သော်လည်း ပြည်သူများက ငွေသွင်းရသည့် အစီအစဉ်ကို ပြင်ဆင်ပေးရန် တောင်းဆိုမှုများကြောင့် ငွေသွင်းရန် အစီအစဉ်ကို ရပ်နားလိုက်ကြောင်းလည်း သိရှိရသည်။

Complaint Form လျှောက်ထားမည့် စာဖြေသူများအနေနှင့် ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထား၍ LMS – https://lms.moeedu.org ၏ Technical Support Channel တွင် ၁ – ကျောင်းသား ဖြေဆိုခဲ့ရမှု အခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင် ရေးသားထားသည့် လျှောက်လွှာ၊ ၂ – မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း (သို့) သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ် (သို့) ပညာရေးအဖွဲ့အစည်း (သို့) စီဒီအမ်ဝန်ထမ်းတစ်ဦး (သို့) မိဘအုပ်ထိန်းသူ (သို့) ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန် ကြောင်း ထောက်ခံချက်တိုနှင့် အတူ လျှောက်လွှာတွင် ပူးတွဲ ဖော်ပြလျှောက်ထားရန် လိုအပ်ကြောင်း သိရှိရသည်။

ထို့ပြင် ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို စီဒီအမ်ကျောင်းသားဖြစ်ကြောင်း ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် ရလဒ်များကို စစ်ဆေးပြီး အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ကြောင်း NUG အစိုးရ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article