25 C
Yangon

ရပ်စောက်တွင် RCSS တပ်ဖွဲ့က မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ကြောင့် SSPP တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိဟု SSPP က ပြော

Must read

ရပ်စောက်တွင် RCSS တပ်ဖွဲ့က မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းတို့ကြောင့် SSPP တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိဟု SSPP က ပြော

■ RCSS ကမူ ငြိမ်းချမ်းရေး မပျက်ဘဲ SSPP နှင့် ပုံမှန်တွေ့ဆုံဆွေးနွေးနေဟုဆို

ရန်ကုန်၊ မေ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်အတွင်း သွားလာလှုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေး ပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့ကို ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS က မိုင်းဆွဲတိုက် ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း ၆ ကြိမ်ပြုလုပ်ခဲ့ရာ SSPP တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း SSPP ဘက်က ထုတ်ပြန်သည်။

မတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ အချိန် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မ တော် SSPP/SSA တပ်စခန်းများကို ကွင်းဆင်းစစ်ဆေးနေ ချိန် ကျောက်တန်းကျေးရွာ အတက် လိမ္မော်ခြံ ကျေးရွာ အနီး နမ့်ပွန်တံတားအရှေ့ဘက် တစ်နေရာအရောက် RCSS တပ်ဖွဲ့ က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ SSPP/SSA ဗဟို ဌာနချုပ် အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းစုက RCSS ၏ ဗဟိုဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးကြီး ထံသို့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ သည့် RCSS ရဲဘော် ၃ ဦးကို SSPP ထံ လွှဲ ပြောင်း အပ်နှံပေးရန်၊ ပြစ်မှုကျူးလွန်သူ ၃ ဦးကို လွှဲပြောင်း မပေးနိုင်ပါက RCSS အနေဖြင့် မိုင်းပွန်-ဟိုပုံး ကားလမ်းမကြီး၏ မြောက်ဘက်အရပ်မှ တောင်ဘက် အရပ် သို့ ရွှေ့ပြောင်းပေးပါရန်၊ ပြစ်မှုကျူးလွန်သူကို SSPP ထံသို့ မလွှဲပေးနိုင်ခြင်း၊ မိုင်းပွန်-ဟိုပုံး ကား လမ်းအရှေ့ဘက်ကိုပါ မရွှေ့ပေးနိုင်ခြင်းရှိပါက SSPP အနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် ရပ်စောင့်-အင်တော နယ်မြေ အတွင်း နယ်မြေရှင်း လင်းရေး လုပ်ဆောင်သွားမည်ဟု ညှိနှိုင်း တောင်းဆို ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ညှိနိုင်းတောင်းဆိုမှုနှင့် ပါတ်သက်၍ RCSS ဘက်က တစ်စုံတစ်ရာ တုံပြန်ခြင်း မရှိခဲ့ကြောင်း၊မေလ ၁၅ ရက်နေ့ကလည်း SSPP စစ်ကြောင်းများက ရပ်စောင့်မြို့နယ် ကျိုင်းခမ်းလုံကျေးရွာ အုပ်စု ရေမောင်းကျေးရွာမှ လယ်ကျော်ကျေးရွာ – နားစံကျေးရွာ အထိ ကားလမ်းမကြီး အ တိုင်းသွားလာ လှုပ်ရှားရန်ရှိသဖြင့် RCSS ၏ နယ်မြေ တာဝန်ခံနှင့် ဗဟိုဆက်ဆံရေးတာဝန်ခံတို့ထံ ကြိုတင် အကြောင်းကြား အသိပေးထားခဲကြောင်း၊ မေလ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ် အချိန်တွင် SSPP စစ်ကြောင်းမှ နားစံကျေးရွာ အနောက်ဘက်သို့ ကားဖြင့် ထွက်ခွာချိန် RCSS ရဲဘော်အင်အား ၁၀ ဦးခန့်က ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် SSPP ရဲဘော် ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ အချိန် ရေမောင်း ကျေးရွာအနီး ရေချိုးသွားသည့် SSPP တပ်ဖွဲ့ဝင်များကို RCSS တပ်ဖွဲ့က နောက်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ရေမောင်း ကျေးရွာအနီး နောင်ယာဆိုင်း တံတားတွင် RCSS တပ်ဖွဲ့က SSPP ၏ စစ်ယာဉ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု များအတွင်း SSPP တပ်ဖွဲ့ဝင် ထိခိုက်ကျဆုံးမူ မရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မေလ ၂၅ ရက်နေ့က ရပ်စောင့်မြို့နယ် နားလုံကျေးရွာမှာ လုပ်ရှားနေသည့် SSPP စစ်ကြောင်းကို RCSS အင်အား ၁၀ ဦး ဝန်းကျင်ခန့်က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း SSPP တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမူ မရှိခဲ့ကြောင်း သိရှိရသည်။

ယနေ့ မေလ ၂၆ ရက်နေ့အထိ SSPP အနေဖြင့် စစ်ရေးပြင်ဆင်ပြီး RCSS ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း တစ်ကြိမ် မပြုလုပ်ခဲ့သေးသော်လည်း RCSS က ၎င်းဒေသအတွင်း သွားလာလှုပ်ရှားသည့် SSPP တပ် ဖွဲ့ကို ခြုံခို တိုက်ခိုက်ခြင်း ၊ မိုင်းဆွဲတိုက်ခိုက်ခြင်း ၆ ကြိမ်တိုင်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

RCSS ပိုင် Tai Freedom သတင်းစာမျက်နှာက မေလ ၁၇ ရက်နေ့ ရှမ်းစာ ဘာသာဖြင့် (ရပ်စောက်မြို့နယ်မှာ SSPP နှင့် UWSA အပါ စစ်ကောင်စီတို့ ပူးပေါင်းပြီး RCSS ကိုထိုးစစ်ဆင်တိုက် ခိုက်၍ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားရ ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် ရေးသားဖော်ပြခဲ့ကြောင်း၊ ထိုသို့ ဖော်ပြမှုမှာ လုံးဝ မှန်ကန်မူမရှိဘဲ SSPP အနေဖြင့်လည်း ၎င်းသတင်းအား ပြင်းထန်စွာ ရှူံ့ချပါကြောင်း SSPP/ SSA က ကန့်ကွက်ထားသည်။

SSPP ၏ ထုတ်ပြန်ချက်သည် စွပ်စွဲမှုဖြစ်နိုင်ပြီး ထိတွေ့မှုဖြစ်ပွားသည်မှာလည်း မှန်ကန်နိုင်ကြောင်း၊ မြေ ပြင် အသေးစိတ်အခြေအနေကို သိရှိမှသာ မည်သို့ဖြေရှင်းမည်ကို ပြောဆိုနိုင်ကြောင်း၊ RCSS နှင့် SSPP တို့ကြား ငြိမ်းချမ်းပျက်ပြယ်သွားတာမဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဖြင့် ပုံမှန် သွားနေကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ခမ်းစံ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

“ငြိမ်းချမ်းရေး ကိစ္စပျက်သွားတာတော့ မဟုတ်ပါဘူး။ ပုံမှန်အဆက်အသွယ်တော့ရှိပါတယ်။ ပုံမှန် ဆွေးနွေးပွဲလမ်းကြောင်းတော့ရှိပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲကတော့ ဘယ်နေ့ထပ်ဖြစ်မလဲတော့ ကျနော်တို့လည်း မသိသေးဘူး။ မြေပြင် အသေးစိတ်အခြေအနေကတော့ မသိရသေးဘူး။ စွပ်စွဲမှု လည်း ဖြစ်နိုင် တယ်။ ထိတွေ့မှုလည်း ဖြစ် ကောင်းဖြစ်နိုင်တယ်။ မြေပြင်အသေးစိတ်မသိရသေးဘူး။ မြေပြင်အသေးစိတ်ကို စစ်ဆေးကြည့်မှ သိရမယ်။ မြေပြင်အခြေအနေ အသေးစိပ်မသိရသေးဘူးဆို တော့ ပြောဖို့စောနေသေးတယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူ ခမ်းစံက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article