26 C
Yangon

ဝိုင်းမော်တွင် ဗုံးကျဲလေယာဉ် Y-12 တစ်စီးပျက်ကျဆိုသော သတင်းများထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြောဆို

Must read

ဝိုင်းမော်တွင် ဗုံးကျဲလေယာဉ် Y-12 တစ်စီးပျက်ကျဆိုသော သတင်းများထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြောဆို

ရန်ကုန်၊ မေ ၂၆

ကချင်ပြည်နယ်၊ ဝိုင်းမော်တွင် ဗုံးကျဲလေယာဉ် Y-12 တစ်စီးပျက်ကျဆိုသော သတင်းများထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နေ့လယ်ပိုင်း ၀ိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာ အရှေ့တောင်ဘက် ငှက်ပျောခင်းထဲသို့ ဗုံးကျဲ Y 12 လေယာဉ် တစ်စီး ပျက်သွားသည်ဆိုသော သတင်းများ ကြားသိရသော်လည်း အတည်မပြုနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

“ကျနော်တို့လည်း Y-12 လေယာဉ်ပျက်ကျတယ်ဆိုပြီး သတင်းကြားတယ်။ Confirm တော့မဖြစ်ဘူး။ Confirm မဖြစ်တော့ ပစ်ချတာ၊ ပျက်ကျတာ ဘယ် လိုပြောမလဲ။ အတည်ပြုလို့မရသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော KIA နှင့် စစ်ကောင်စီတပ်များအကြား မံစီမြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ်အတွင်းတို့တွင် တိုက်ပွဲများနှင့် ထိတွေ့ပစ်ခတ်မှုများ ရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ Y-12 လေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article