25 C
Yangon

ပုလဲမြို့နယ်၊တောင်ရွာသစ်မှ ပြည်သူ ၂၃ ဦးကို စစ်သားနှင့် ပျူစောထီးများက ဖမ်းဆီးပြီး ၄ ဦးကို သတ်ဖြတ်၊ ကျန်ပြည်သူများကို ငွေကျပ် ၂၅ သိန်းဖြင့် ပြန်လည်ရွေးခိုင်း

Must read

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်နေ ပြည်သူ ၂၃ ဦးကို အင်မထီးရွာ စစ်သား၊ ပျူစောထီး များက ဖမ်းဆီးသွားပြီး ၄ ဦးကို သတ်ဖြတ်ကာ ကျန်ပြည်သူများကို ငွေကျပ် ၂၅ သိန်းဖြင့် ရွေးယူခိုင်းခဲ့ ကြောင်း ပုလဲမြို့နယ်၊ တောင်ရွာသစ်ပအဖအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၂ ရက်နေ့ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာမှ ကိုကျော်ခိုင်၊ ကိုတင့်ဇော်ဦး၊ ကိုထွန်းလှိုင် နှင့်ကိုထွန်း နိုင်လင်း၊ ကိုကျော်မြင့်လွင်၊ ကိုကျော်မြင့်ဌေး ၊ ကိုအောင်ဖြိုး ၊ ကိုငမိုး ၊ ကိုကျော်မျိုးဆန်း၊ ကိုငပိန်၊ ကိုအောင်ဖြိုးဟိန်း ၊ ကိုပုလဲ ၊ ကိုမျိုးဇော် ၊ ကိုကျော်သန်း၊ ကိုငသန်း ၊ မမိဝေ ၊မပြည့်ပြည့် ဝင်း၊ မဌေးမြင့် ၊ မဇာဇာနှင်း ၊ မသဲသဲမာ ၊ မဝါဝါရွှေ ၊ မဇင်မာအောင် နှင့် ကျောင်းကုန်းတောတိုက် အတွင်းမှ အမျိုးသမီးတစ်ဦးကို အင်မထီးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ဖမ်းဆီးသွားပြီး နှိပ်စက်ညှင်းပန်းစစ်ဆေးခဲ့ကြောင်း၊ ယင်းနောက်ပြည်သူ ၄ ဦးကို သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

“တောထဲမှာ ယခင်းသွားလုပ်တဲ့သူနဲ့ ထင်းခွေသွားတဲ့သူနဲ့ မိုးကျပြီဆိုတော့ နှမ်းခင်းကျဲဖို့ လုပ်နေတဲ့ သူတွေကို ဖမ်းသွားတာ၊ မလိုက်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေပဲ ပြန်လွှတ်ပေးပြီး ကျန်တဲ့သူတွေကို အကုန်ဖမ်းသွားတာ။ ကျနော်တို့လည်း ၂၄ ရက်နေ့မှ သိပြီး အဆက်အသွယ်နဲ့ လိုက်ကြတော့မှ အင်မထီးရွာထဲက စစ်ခွေးတွေဖမ်းသွားတာ သိရတာ၊ အဲဒါ ၄ ဦးက အသတ်ခံလိုက်ရပြီးပြီ။ ကျန်တဲ့သူတွေတော့ ၂၅ သိန်းနဲ့ အရက်ဖာတွေ၊ ဘီယာဖာတွေပို့ပြီး ရွေးချယ်ခဲ့ရတယ်။” ဟု ပုလဲမြို့နယ်၊ တောင်ရွာသစ်ပအဖအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများက နှိပ်စက်ညှင်းပန်းသတ်ဖြတ်လိုက်သူများမှာ အသက် ၄၂ နှစ် အရွယ် ကိုကျော်ခိုင်၊ အသက် ၂၄ နှစ်အရွယ် ကိုတင့်ဇော်ဦး ၊ အသက် ၃၀ အရွယ် ကိုထွန်းလှိုင်နှင့် အသက် ၂၂ နှစ်အရွယ် ကိုထွန်းနိုင်လင်းတို့ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကိုလည်း ပြန်လည်ရရှိ ခဲ့ခြင်းမရှိကြောင်း သိရသည်။

“နှိပ်စက်တာမှ တော်တော်ကို ရက်ရက်စက်စက်နှိပ်စက်ပြီးမှ သတ်တာ၊ လက်တွေရိုက်ချိုး၊ ခြေ ထောက်တွေရိုက်ချိုး၊ အရေပြားတွေကို ဓားတွေနဲ့မွှန်း ပြီး လည်ပင်းကို တက်နင်းပြီးမှ သတ်တာ။ ကိုကျော်ခိုင်အလောင်းဆိုရင် နွားလှည်းနောက်မှာချေပြီးခွေးသေကောင်ဆွဲသလို ဒရွက်တိုက်ဆွဲတာ ကို ပြန်လွတ်လာသူတွေထဲက မျက် မြင်တွေ့လိုက်ရသူတွေရှိတယ်။ ကျန်တဲ့ ၃ လောင်းကတော့ ဘယ်လိုသယ်သွားလည်းမသိရဘူးတဲ့။ ပြန်လွတ်လာသူတွေမှာလည်း ဦးခေါင်းအရေခွံတွေကို ဓား တွေနဲ့ထိုးလှံထား၊ ပေါင်တွေ၊ လက်မောင်းတွေ၊ လက်ဝါးတွေကို ဓားနဲ့ထိုးပြီးနှိပ်စက်ခံထားရတာ။ တစ်ချို့သူတွေဆို စကားမပြောနိုင်ဘူး။ ဆေးသွင်းနေရတယ်” ဟု ပုလဲမြို့နယ်၊ တောင်ရွာသစ် ပအဖ အဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။

ပြည်သူများကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်သည့် ပုလဲမြို့နယ်အင်မထီးကျေးရွာသည် အိမ်ခြေ ၄၀၀ ခန့် ရှိပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၈၀ ဝန်းကျင်ဖြင့် တပ်စွဲထားကြောင်း၊ အနီးအနားရှိကျေး ရွာ နေပြည်သူများကို မကြာခဏဖမ်းဆီးနှိပ်စက်လေ့ရှိကြောင်း၊ အင်မထီးကျေးရွာအတွင်းမှ ပျူစောထီး မလုပ်သူများကိုလည်း ရွာပြင်ထွက်ခွင့်မပြုဘဲ ပိတ်လှောင်ထားသဖြင့် နေအိမ်စွန့်ကာ ထွက်ပြေးလာ သည့် ပြည်သူများလည်းရှိကြောင်း သိရသည်။

“အခုအဖမ်းခံရသူတွေက တကယ့်ပြည်သူတွေပါ။ ဘာမှလုပ်ကြတာလည်းမဟုတ်ဘူး။ အေးအေး ဆေးဆေးသူတို့ဘာသာသူတို့လုပ်ကိုင်စားသောက်နေကြတာ။ တောင်ယာလုပ်နေတဲ့သူတွေ၊ နှမ်းကြဲ နေတဲ့သူတွေအဲလိုလူတွေပဲ။ ဒါကို တမင်သက်သက်ဖမ်းဆီးသွားပြီး နှိပ်စက်သတ်ဖြတ်ကြတာ၊ အတော်လူမဆန်တဲ့ဟာတွေပါ” ပုလဲမြို့နယ်၊ တောင်ရွာသစ် ပအဖ အဖွဲ့ခေါင်းဆောင်က ပြောဆို သည်။

ဓာတ်ပုံ – ပဲခူးတွင် ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတစ်ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပဲခူးတွင် ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ ပြည်သူတစ်ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article