25 C
Yangon

လှိုင်သာယာတွင် ပြည်သူများ၏နေအိမ်များကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့သော မြို့နယ်စည်ပင်သာရုံးကို ဗုံးခွဲတိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၈

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်တွင် ပြည်သူများ၏နေအိမ်များကို ကျူး ကျော်ဟုဆိုကာ ဖျက်ဆီးခဲ့သော မြို့ နယ် စည်ပင်သာရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow အဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂၇ ရက်နေ့ ည ၇ နာရီ ၂၃ မိနစ်အချိန် နှင့် ည ၇ နာရီ ၄၇ မိနစ်အချိန်တို့တွင် လှိုင်သာယာမြို့နယ်၊ အရှေ့ပိုင်းမြို့နယ်၊ ၈ ရပ်ကွက်၊ မကွေးလမ်းရှိ လှိုင်သာယာမြို့နယ် စည်ပင်သာယာရေးရုံးကို အဝေးထိန်း မိုင်းဖြင့် ၂ ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အောင်မြင်ပြီး မြေပြင်ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၊ တိုက်ခိုက်မှု ဆောင်ရွက်သော ရဲဘော်များလည်း နေရပ်သို ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

“မနေ့ညက ဗုံးကွဲတယ်။ စည်ပင်ရုံးအပြင်ဘက် ခြံစည်းရိုးမှာ ကွဲတာ။ လူထိခိုက်မှုတော့မရှိဘူး။ တပ်နဲ့ ရဲကတော့ စည်ပင်ရုံးပတ်ပတ်လည်မှာ ဗုံးရှိ၊ မရှိ စစ်ဆေးသွားတာမျိုးရှိတယ်။ လမ်းတွေလည်း ပိတ်ပြီး စစ်ဆေးတယ်။ မနေ့ညက ။ ဧည့်စာရင်းတွေလည်း စစ်တယ်” ဟု လှိုင်သာယာမှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

Dark Shadow ၏ ထုတ်ပြန်ချက်တွင် လှိုင်သာယာမြို့နယ်၊ စည်ပင် သာယာရေးရုံးက စစ်ကောင်စီအမိန့်နာခံလျက် အပြင်ပဒံ ကျွန်းကြီးကျေးရွာရှိ ပြည်သူများ၏ နေအိမ်၊ တိုက်တာအိုးအိမ်များကို မတရားသဖြင့် အနိုင် ကျင့်ဖျက်ဆီးခဲ့ကြောင်း၊ ထို့ကြောင့် ပစ်မှတ်အနေဖြင့် သတ်မှတ်ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဖြစ်စဉ်တွင် ပါဝင်သော စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူများကို အကြမ်းဖက် အနိုင်ကျင့်နေသော လှိုင်သာယာမှ လူမိုက်များ၊ အမည်ခံ စစ်ကောင်စီ လက်ကိုင်တုတ်များကိုလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ – မိုင်းခွဲတိုက်ခိုက်ခံရသော လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)မှ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မိုင်းခွဲတိုက်ခိုက်ခံရသော လှိုင်သာယာမြို့နယ်(အရှေ့ပိုင်း)မှ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article