25 C
Yangon

ကလေးမြို့တွင် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်မှုကို စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

မေလ ၈ ရက်နေ့ တွင် ကလေးမြို့ အနောက်ပိုင်း မြို့လှရပ်ကွက် အင်ဒိုင်းကုန်းကျေးရွာရှိ တော်လှန်ရေး တပ်ဖွဲ့များ အသင့်ထောင်ထားသော မိုင်းကွင်းထဲကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာစဉ် ရှေ့ထွက်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် ကလေးမြို့ အနောက်ပိုင်း မြို့လှရပ်ကွက် အင်ဒိုင်းကုန်းကျေးရွာရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် စစ်တပ်က ကား ၂ စီး၊ လူအင်အား ၄၀ ဖြင့် စစ်ကြောင်း ထိုးလာကာ လက်နက်ကြီးများ၊လက်နက်ငယ်များနှင့် ဒရုန်း ၅ စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ သော်လည်း ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ည ၈ နာရီ ၄၇ မိနစ်ခန့်တွင် ကလေးမြို့ တောင်ပိုင်း သုံးအိမ်စုကျေးရွာနှင့် အင်ဒိုင်းကုန်းကျေးရွာလမ်းဆုံထိပ်ရှိ ဖောက်သည် ဘီယာဆိုင်နှင့် မြို့လှဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ဖြင့် ပစ်ခတ် ခိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး ၊ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး (အထူးတိုက်ခိုက်ရေးအဖွဲ့)၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကလေးမြို့ မြို့ပြစီမံချက် (U.G)တော်လှန်ရေး အဖွဲ့ နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article