25 C
Yangon

ဆီဆိုင်မြို့နယ်၊နောင်ကျော်ကျေးရွာဘုန်းကြီးကို စစ်တပ်လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော်ဘုန်းကြီး ကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း PNLA သတင်း နှင့်ပြန်ကြားရေးဌာနက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ မေလ ၂၇ ရက်နံနက်ပိုင်းက ဆီဆိုင်မြို့နယ်၊ နောင်ကျော်ကျေးရွာဘုန်းကြီးကျောင်း ကို အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ရာ သိမ်ကျောင်းဆောင် ထိမှန်ပျက် စီးခဲ့သည့်အပြင် လူနေအိမ်တစ်လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီက ပအိုဝ်းဒေသရှိ ပြည်သူများ၏ အိုးအိမ်စည်းစိမ်ကိုဖျက်ဆီးနေသည့် အပြင် ပအိုဝ်းပြည်သူများအထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းများကိုလည်း ဆက် လက်ပစ်ခတ်ဖျက်ဆီးလျက်ရှိကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနကဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article