25 C
Yangon

မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၅ သောင်းအထိ စျေးတက်သွားပြီး ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက်တွင် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွား

Must read

တစ်ရက်တည်းတွင်ပင် ရွှေစျေးက ငွေကျပ် ၂ သိန်းကျော်မြင့်တက်

ရန်ကုန်၊ မေ ၂၈

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်း ၅ သောင်းအထိ စျေးမြင့်တက်လာပြီး ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက် ၂ ခုစလုံးတွင် ၁၆ ပဲရည် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွားကြောင်း ရွှေကုန်သည်များက ပြောဆိုသည်။

“ဒီနေ့ မနက်ပိုင်းမှာ စျေးစဖွင့်တော့ ၅၃ သိန်း ၅ သောင်းနဲ့စဖွင့်တာ။ နေ့လယ်မှာ ၅၃ သိန်း ၇ သောင်း။ မွန်းလွဲပိုင်းမှာ ၅၄ သိန်း ၆ သောင်း။ အခု ညနေ ၄ နာရီဝန်းကျင်မှာ ၅၅ သိန်း ၅ သောင်း။ တစ်နေ့တည်းကို ရွှေစျေးက တစ်ရပ်တည်းမှာပဲ ၂ သိန်း လောက်တက်သွားတယ် ပြောရမယ်။ ရွှေကတော့ အပိုင်းလိုက်ရောင်းတာ၊ အထုပ်လိုက် ရောင်းတာတွေတော့ ရပ်သွားတယ်။ ဘယ်သူမှ ထုတ်မရောင်းတော့ဘူး။ အကုန် ကိုယ့်ရှိတာ ကိုယ် ကျစ်ကျစ်ပါအောင် ပြန်ယူထားကြတယ်။ လာရောင်းတာပဲ လက်ခံကြတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

မြန်မာ့ရွှေစျေးမြင့်တက်ရခြင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုး ဆက်တိုက် မြင့်တက်လာရခြင်းကြောင့်ဖြစ်ပြီး လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၄၀၀ ကျပ်ဖြင့် စျေးပေါက်နေကြောင်း၊ ကမ္ဘာ့ရွှေစျေးမှာမူ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၃၆၆ ဝန်းကျင်ရှိပြီး စျေးတည်ငြိမ်နေကြောင်း၊ မြန်မာ့ရွှေစျေး တစ်ခုတည်း အတက်ဘက်သို့ စံချိန်တင် မြင့်တက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article