25 C
Yangon

မရမ်းကုန်းမြို့နယ်၊ စွယ်တော် အိမ်ရာဝင်းထဲရှိ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မေ ၂၈

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော် အိမ်ရာဝင်းထဲရှိ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်သားများ ထိခိုက်မှုရှိကြောင်း Rangoon UC Column – RUC မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

မေလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် ကမ္ဘာအေးရပ်ကွက်၊ စွယ်တော် အိမ်ရာဝန်းထဲရှိ အကြမ်းဖက် စစ်သားများရှိရာ မရမ်းကုန်း ရဲစခန်းကို ပြင်းအားမြင့်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိကြောင်း သိရသည်။

“စစ်ခွေးတွေ ထိခိုက်မှုရှိတယ်လို့ သိရပါတယ်ခင်ဗျာ။ အသေးစိတ်စုံစမ်းဆဲပါ။ တိုက်ခိုက်ခံရပြီးတဲ့နောက် မင်းဓမ္မလမ်း နဲ့ ၈ မိုင်ကြားလမ်းဆုံကို ပိတ်ဆို့ပြီး စစ်ဆေးရေးတွေ လုပ်တယ်။ စစ်ဆေးရေးလုပ်ရင်းနဲ့ လည်းကားဆရာတွေဆီကနေ ခြိမ်းခြောက်ငွေညှစ်တာတွေလည်း လုပ်တယ်လို့ သိရပါတယ်” ဟု Rangoon UC Column – RUC မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Federal Army – YFA နှင့် GOD Army တို့၏ Rangoon UG Column – RUC စစ်ကြောင်းက မြို့ပြစစ်ဆင်ရေးစတင်သည့်အနေနှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ RUC ရဲဘော်များ ထိခိုက်မှုမရှိ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article