25 C
Yangon

Breaking News- အခေါက်ရွှေစျေး ၅၆ သိန်းကျော်သွားပြီး အမေရိကန်တစ်ဒေါ်လာ ၄၆၀၀ နီးပါးအထိမြင့်တက်လာ

Must read

ရန်ကုန်၊ မေ ၂၉

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၆ သိန်းကျော်အထိ စံချိန် ထပ်မံချိုးသွားပြီး အမေရိကန်တစ်ဒေါ်လာလျှင်ငွေကျပ် ၄၆၀၀ နီးပါးအထိ ရောက်ရှိလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အရွက်(အမေရိကန်ဒေါ်လာ)စျေးက ၄၅၆၀ ကနေ ၄၅၈၀ အကြား ညှိနှိုင်းပြီးရောင်းနေတယ်။ ၄၆၀၀ နီးပါး လောက်အထိကပ်လာတယ်။ အရွက်အဝယ်အရမ်းများတယ်။ ရောင်းတဲ့သူလည်း ထုတ်ရောင်းတယ်။ ဝယ်တဲ့လူလည်း ဝယ်တယ်။ ညှိနှိုင်းရောင်းကြတာမျိုး” ဟု ရန်ကုန်အခြေစိုက် လက်ကြီးနိုင်ငံခြားငွေလဲဒိုင်က ပြောဆိုသည်။

အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေစျေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၆ သိန်းအထိ ရောက်ရှိနေပြီး အရောင်းနည်းပါးကြောင်း၊ အဝယ်များပြီး စျေးကွက်အခြေအနေ မတည်မငြိမ် ဖြစ်နေကြောင်း သိရှိသည်။

“စျေးကတော့ အတော်ကို တက်နေတယ်။ အတော်များများ မရောင်းကြဘူး။ စျေးတွေသာဖြစ်နေတာ အရောင်းရပ်နေတယ်။ အဝယ်ကတော့ အများကြီး ဆင်းတယ်။ ရောင်းမယ့် ရွှေပျောက်နေတာ” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

လက်ရှိ စစ်ကောင်စီက ရွှေစျေးကွက်နှင့် ဒေါ်လာ ဝယ်ရောင်း အဖြစ် ကျော်စောသူများကို လိုက်လံမေးမြန်း ခေါ်ဆောင်ရန် ဆက်သွယ်မှုများရှိလာပြီး ဖမ်းဆီးမှုများရှိလာနိုင်၍ ရွှေကုန်သည်နှင့်ဒေါ်လာဝယ်ရောင်းများ တိမ်းရှောင် နေကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article