25 C
Yangon

စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖယ်ရှားပြီးချိန်အထိ ကျောက်ဖြူစီမံကိန်းကို ပိတ်ဆို့အရေးယူရန်နှင့် ဆိုင်းငံ့ရပ်ဆိုင်းထားရန် တောင်းဆို

Must read

ရန်ကုန် ၊ မေ ၂၉

မြန်မာနိုင်ငံမှာ ပြည်သူတွေက စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖယ်ရှားပြီး ကျူးလွန်မှုတွေကို တာဝန်ခံဖို့ အရေးယူနိုင်တဲ့ အခြေအနေတရပ် ထူထောင်ချိန်အထိ ကျောက်ဖြူစီမံကိန်းတွေကို ဆန့်ကျင်ပိတ်ဆို့အရေးယူဖို့နဲ့ ဆိုင်းငံ့ရပ်ဆိုင်းထားဖို့ တောင်းဆိုကြောင်း Defend Myanmar Democracy က တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည်သူလူထုကို အမှန်တကယ်ကိုယ်စားပြုပြီး ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူတွေကို လက်ကိုင်ပြုထားတဲ့ အစိုးရတစ်ရပ် ပေါ်ထွက်ထူထောင်နိုင်တဲ့ အချိန်အထိ ကျောက်ဖြူစီမံကိန်းတွေကို ဆိုင်းငံ့ရပ်ဆိုင်းထားဖို့ Defend Myanmar Democracy အဖွဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတိုက်တွန်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်ဟာ စီမံကိန်းအကြီးစား တခုထက် ပိုပြီး ဒီစီမံကိန်း‌ဟာ မြန်မာနိုင်ငံရဲ့ ပထဝီဝင်နိုင်ငံရေး နဲ့ စီးပွားရေးအခင်းအကျင်းကို ပြန်လည်ပုံဖော်ဖို့ ဦးတည်ပေမယ့် နိုင်ငံ့အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုရဲ့ လူနေမှုဘဝအပေါ် လေးနက်တဲ့ သက်ရောက်မှုတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တို့ဟာ လွှတ်တော်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာယူထားပြီး နောက်ကြောင်းပြန် အရေးယူမခံရဖို့ အာမခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲပြဌာန်းခဲ့တဲ့ စစ်အာဏာရှင်သန်းရွှေလက်ထက်က ပြည်သူကို အသိမပေး မတိုင်ပင်ပဲ အာဏာတည်မြဲရေးအတွက် အကျင့်ပျက်ဗိုလ်ချုပ်တစုနဲ့ အပေးအယူလုပ်ခဲ့တဲ့ စီမံကိန်းတွေထဲက တခုဖြစ်တယ်လို့လည်း Defend Myanmar Democracy ကထောက်ပြထားပါတယ်။

ဒီစီမံကိန်းကြောင့် ဒေသခံ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ဘိုးဘွားစဉ်ဆက်မြေယာတွေမှာ ဖိအားနဲ့ အဓမ္မသိမ်းယူခံကြရပြီး ဒေသခံတိုင်းရင်းသားလူမျိုးစုတွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်ပါတယ်။

စစ်တပ်အပေါ် အာဏာမသက်ရောက်တဲ့ NLD အရပ်သားအစိုးရလက်ထက်မှာ ဒီစီမံကိန်းတွေကြောင့် တရုတ်ကြွေးနွံထောင်ချောက်ထဲရောက်မဲ့အခြေအနေက လွတ်အောင်ပြင်ဆင်နိုင်ခဲ့ပေမယ့် မတရားအာဏာသိမ်းကြိုးပမ်းမှုကာလမှာ ကျောက်ဖြူစီမံကိန်းဟာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေ မထိခိုက်သယောင် လည်ပတ်ပြနေပြီး အာဏာသိမ်းစစ်အုပ်စုနဲ့ လူမသိသူမသိ သဘောတူစာချုပ်တွေ လုပ်ဆောင်နေတယ်လို့ Defend Myanmar Democracy ရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

လက်ရှိ အာရက္ခအိမ်မက်အတွက် ရက္ခိုင်တပ်တော်က စစ်အုပ်စုတပ်တွေကို ရခိုင်ပြည်နယ်နမိတ်ကနေ မောင်းထုတ်ဖို့ ထိုးစစ်ဆင်ချေမှုန်းအနိုင်ယူနေတဲ့ အခြေအနေမှာ တရုတ်က စစ်အုပ်စုနဲ့ စီမံကိန်းအသစ်တွေ လုပ်ဖို့ ပြင်ဆင်နေတာတွေဟာ အာရက္ခ ဒေသခံပြည်သူတွေရဲ့ အနာဂတ်အိမ်မက်ကို အန္တရာယ်ပြုဖျက်စီးနေတာဖြစ်တယ်လို့ လည်း ထောက်ပြထားပါတယ်။

စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖယ်ရှားပြီးချိန်အထိ ကျောက်ဖြူစီမံကိန်းကို ပိတ်ဆို့အရေးယူဖို့နဲ့ ဆိုင်းငံ့ရပ်ဆိုင်းထားဖို့တောင်းဆိုတဲ့ Campaign ကိုလည်း Defend Myanmar Democracy ဦးဆောင်ပြုလုပ်နေတာဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article