25 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်း များကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန်

Must read

အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ် စျေးတက် လာချိန် စစ်ကောင်စီဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲလှယ်နှုန်း များကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ကြေညာပြန်

ရန်ကုန်၊ မေ ၃၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ်အထိ စျေးနှုန်းများ မြင့်တက်လာချိန် စစ်ကောင်စီဗဟိုဘဏ်က လိုင်စင်ရ ဘဏ်များ၏ ငွေလဲလှယ်နှုန်းထားကိုသာ ယုံ ကြည် ကြရန်၊ အွန်လိုင်းပေါ်မှ ငွေလဲ လှယ်နှုန်းများကို မယုံကြည်ကြရန်နှင့် မကြည့်ကြရန် ယမန်နေ့ညပိုင်း ထုတ်ပြန် ကြေညာသည်။

Online Social Platform များဖြစ်သည့် Facebook၊ Viber၊ Telegram အစရှိသည်တို့ပေါ်တွင် ID အစစ်အမှန်မဟုတ်သည့်အကောင့် (Fake Account)များအသုံးပြု၍ ဘဏ်များမှ ငွေလဲ လှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေကြောင်းအပါအဝင် မမှန်ကန်သည့်သတင်းများထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိရကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။

အဆိုပါ Website များကိုလိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ AD လိုင်စင်ရဘဏ်များအနေဖြင့် ဘဏ်၏ တရားဝင် Website များပေါ်တွင် Exchange Counter များ၏ အရောင်းအဝယ်ငွေလဲ လှယ်နှုန်းများကို ကြေညာပေးလျက်ရှိကြောင်း၊ ထို့ကြောင့် KBZ ၊ AYA ၊ MAB ၊UAB ၊ A bank ၊ CB ၊ Yoma၊ MCB ၊ MOB ဘဏ်တို့၏ Website တွင်သာ ငွေလဲလှယ်နှုန်းကို ကြည့်ရှုနိုင်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ဆိုသည်။

ထို့ကြောင့် မမှန်ကန်သည့် Website များမှ ငွေလဲလှယ် နှုန်းထားများကိုယုံကြည် မှု မရှိကြရန် စစ်ကောင်စီ ဗဟိုဘဏ်က ဆိုသည်။

သို့ရာတွင် စျေးကွက်တွင်မူ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုများမှာ အမှန်တကယ်ပင် ဖြစ်နေပြီး ဝယ်လိုအား အထူးမြင့်တက်လျက်ရှိကြောင်း၊ ယမန်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ၄၆၅၀ ကျပ်ဝန်းကျင်ဖြင့် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။

“အရွက်ကတော့ အဝယ်များတယ်။ အရောင်းပါးတယ်။ ဒီနေ့ စျေးတွေ ထပ်တက်နိုင်တယ်။ အဓိက Demand တအားများပြီး Supply က လိုသလောက်မပေးနိုင်ဘူး။ ဒီကြားထဲ ဗဟိုဘဏ်က တစ်ခုခု ကြေညာလိုက်တာနဲ့ ဒေါ်လာ စျေးက ပိုပြီးတော့ တက်လာတယ်။ သူတို့ ကြေညာလို့ ပြန်ကျသွားတာမျိုးမရှိဘူး” ဟု ရန်ကုန်မှ နိုင်ငံခြားငွေလက်ကြီးဒိုင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီက ခွင့်ပြုထားသော လိုင်စင်ရ ပုဂ္ဂလိကဘဏ်များကမူ မေလ ၂၉ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် အဝယ် ငွေကျပ် ၃၃၂၆ ကျပ်၊ အရောင်း ၃၃၃၁ ကျပ် သတ်မှတ်ထားကြောင်း၊ သို့ရာတွင် ပြည်သူများက အမေရိကန်ဒေါ်လာ လာရောက်ဝယ်ယူလျှင် ရောင်းချပေးခြင်းမရှိဘဲ ပြည်သူများက အမေရိကန်ဒေါ်လာ လာရောက် ရောင်းချမှုကိုသာလျှင် အမေရိကန် တစ်ဒေါ်လာ ၃၃၂၆ ကျပ်ဖြင့် ဝယ်ယူကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article