25 C
Yangon

ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်တို့မှ ဒိုင်ရ်နယ်မြေများကို ပေါင်းစည်အုပ်ချုပ်ရန် ဒိုင်ရ်ဒေသန္တရကောင်စီ ဖွဲ့စည်း၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)ကိုလည်း ဖွဲ့စည်းထူထောင်မည်

Must read

ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်တို့မှ ဒိုင်ရ်နယ်မြေများကို ပေါင်းစည်အုပ်ချုပ်ရန် ဒိုင်ရ်ဒေသန္တရကောင်စီ ဖွဲ့စည်း၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်)ကိုလည်း ဖွဲ့စည်းထူထောင်မည်

ရန်ကုန်၊ မေ ၃၀

ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်၀မြို့နယ်တို့မှ ဒိုင်ရ်နယ်မြေများကို ပေါင်းစည်အုပ်ချုပ်ရန် ဒိုင်ရ်ဒေသန္တရကောင်စီ ဖွဲ့စည်းလိုက်ပြီး ဒေသအုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမယ်လို့ ဒိုင်ရ်ဒေသန္တရကောင်စီက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မေလ ၁၆ ရက်နေ့မှ မေလ ၁၇ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံမှာ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနဲ့ ပလက်ဝမြို့နယ်တို့မှ ဒိုင်ရ်နယ်မြေတွေကို ပြန်လည်ပေါင်းစည်းဖို့ သဘောတူခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲဒီဒိုရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံမှာ ဒေသ ဖွဲ့စည်းပုံနဲ့ အခြေခံမူတွေ ရေးဆွဲအတည်ပြုပြီး ဒိုင်ရ် ဒေသန္တရကောင်စီကိုလည်း ဖွဲ့စည်းလိုက်တဲ့အပြင် မြို့နယ် ၄ခုမှာ ခေတ်အဆက်ဆက် ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရတဲ့ ဒိုင်ရ်နယ်မြေတွေကို ဒိုင်ရ်ကောင်စီရဲ့ ဦးဆောင်မှုနဲ့ တစ်စုတစ်စည်းတည်း ၊ အုပ်ချုပ်ရေးတစ်ခုတည်းနဲ့ ဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၄ မြို့နယ်မှာရှိတဲ့ တပ်တွေကို ပေါင်းစုပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (ဒိုင်ရ်) ဖွဲ့စည်းကာ ဒိုင်ရ်ဒေသကာကွယ်ရေး၊ လုံခြုံရေး၊ ပြည်သူလူထု အသက်အိုးအိမ်တွေကို ကာကွယ်ရေး လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။

ဒိုင်ရ်ဒေသန္တရကောင်စီက ဒိုင်ဒေသတွင်း လိုအပ်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေကို သက်ဆိုင်ရာ အိမ်နီးချင်း မြို့နယ်အဖွဲ့အစည်း၊ တော်လှန်ရေး အင်အားစုတွေနဲ့လည်း ကြိုးပမ်းဆောင်ရွက်သွားမယ်ဖြစ်သလို နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စအဝဝကိုလည်း စီမံဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။

မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်၀ မြို့နယ် ၄ မှာ ဒိုင်ရ် ရွာပေါင်း ၁၅၀ ကျော်ရှိပြီး လူဦးရေ သုံးသောင်းကျော်ရှိတယ်လို့သိရပါတယ်။ ပထမအကြိမ် ကျင်းပတဲ့ ဒိုင်ရ်ဒေသလုံးဆိုင်ရာ ပြည်သူ့ညီလာခံမှာ မြို့နယ် ၄ ခုမှ ဒိုင်ရ်ဒေသကျေးရွာ ကိုယ်စားလှယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့၊ အထူးဖိတ်ကြားထားသူနဲ့ လေ့လာသူများ အပါအဝင် စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

မြန်မာ ပြည်သူတစ်ရပ်လုံး ဆင်နွှဲနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ရည်မှန်းချက် ပန်းတိုင်တူညီသော တော်လှန်ရေး အင်အားစုတွေ အားလုံးနဲ့အတူ ဆက်လက် ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်ပြီး ချင်းအမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည် တည်ဆောက်ရေးမှာ ဘက်လိုက်မှု မရှိဘဲ ချင်းတော်လှန်ရေး အင်အားစုတွေနဲ့ လက်တွဲပူးပေါင်း ကြိုးပမ်းသွားကြမယ်လို့ ဒိုင်ရ်ဒေသန္တရကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article