25 C
Yangon

နတ်မောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ ကားတစ်စီး ပျက်စီး

Must read

နတ်မောက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ ကားတစ်စီး ပျက်စီး

ရန်ကုန်၊ မေ ၃၀

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ဗိုလ်ကြီး ၂ ဦး လက်ပြတ်ဒဏ်ရာရရှိခဲ့ ကြောင်း Aung San’s Land Natmauk တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၉ ရက် နံနက် ၇ နာရီခန့်အချိန် နတ်မောက်မြို့နယ်၊ ကျောက်ဆည်ကုန်းကျေးရွာမှ အင်အား ၄၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ၄၀ မမဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးသွားကြောင်း၊ ထို့နောက် ၎င်းစစ်ကြောင်းသည် မိုင်းကွင်းအတွင်းသို့ ဆက်လက် တိုးဝင်လာသဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ဗိုလ် ကြီး ၂ ဦး လက်ပြတ်ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ခိုက်ခံရပြီးတော့ ကျန်တဲ့စခတွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ပြီး ပြန်ဆုတ် သွားတယ်။ မိုင်းမိတဲ့ စစ်ခွေးတွေဆို လေပေါ်မြောက်တက်သွားတာ လက်တွေ့မြင်ခဲ့ရတာပါ။ သေ သွားတဲ့ စစ်ခွေးတွေကို နွားလှည်း ၃ စီးနဲ့ တိုက်ယူသွားတယ်။ နောက်ထပ်စစ်ကူစစ်ကြောင်းကလည်း ကင်းတွေအများကြီးချ ပြီး နွားလှည်းပေါ်က ခွေးတွေကို ကားနဲ့ထပ်သယ်သွားပါတယ်” ဟု Aung San’s Land Natmauk တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ အလောင်းများ၊ ဒဏ်ရာရသူများသယ်လာသည့် ကားတန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား တစ်စီး ထပ်မံ ပျက်စီးခဲ့ပြီး ပထမ အကြိမ် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့သည့်နေရာကို နယ်မြေရှင်း လင်းစဉ် အကြမ်း ဖက်စစ်သားများ အသုံးပြုသည့် လက်နက်အပျက်အစီး အပိုင်းအစအချို့တွေ့ ရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Aung San’s Land Natmauk၊ နတ်မောက်ပကဖ၊ မြို့သစ်ပကဖ၊ ငါးပြေမ ပျောက်ကြားတပ်ဖွဲ့၊ ကြိုးကြာနီ၊ကျားသစ်နက်၊ ၉၀၃ တပ်ရင်း တပ်ခွဲ ၁ ဂဠုန် PDF နတ်မောက်၊ ၉၀၃ တပ်ခွဲ ၃ တိုက်ဒေါင်းတပ်ဖွဲ့၊ ၉၀၂ တပ်ရင်း နှင့် နတ်မောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article