25 C
Yangon

တောင်ဥက္ကလာတွင် တော်လှန်ရေး ရဲဘော် ၁ ဦးကို သေဆုံးသည်အထိ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ငွေတောင်စားသောက်ဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ

Must read

တောင်ဥက္ကလာတွင် တော်လှန်ရေး ရဲဘော် ၁ ဦးကို သေဆုံးသည်အထိ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ငွေတောင်စားသောက်ဆိုင်ရှေ့တွင် ဗုံးပေါက်ကွဲ

■ မြောက်ဒဂုံ၊ အရှေ့ဒဂုံနှင့်တောင်ဒဂုံတို့တွင်လည်း ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြားရ

ရန်ကုန်၊ မေ ၃၀

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နှစ်အတွင်း တော်လှန်ရေး ရဲဘော် ၁ ဦးကို သေဆုံးသည်အထိ ရိုက်နှက်ဖမ်းဆီးခဲ့သည့် ငွေတောင်စားသောက်ဆိုင်ရှေ့တွင် ယမန်နေ့ညပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မေလ ၃၀ ရက်နေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန် တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ငွေတောင်စားသောက်ဆိုင်ရှေ့ ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ရောက်ရှိလာပြီး တောင်ဥက္ကလာလမ်းဆုံကို ပိတ်ဆို့ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

“လူတော့မထိခိုက်ပါဘူး။ ဗုံးပေါက်ပြီးတော့ ၁၀ မိနစ်လောက်အကြာမှာ စစ်ခွေးတွေ ရောက်လာပြီးတော့ တောင်ဥက္ကလာလမ်းဆုံကို ခဏပိတ်ပြီး စစ်ဆေးရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်” ဟု တောင်ဥက္ကလာ ၁၃ ရပ်ကွက်မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ငွေတောင်စားသောက်ဆိုင်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင် တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးရဲဘော် ၂ ဦးကို ငွေတောင် စားသောက်ဆိုင်မှ ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း၊ ငွေတောင် စားသောက်ဆိုင်မှ ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဖြစ်သည့် Freelance Attack Force (FLA) အဖွဲ့၀င် ရဲဘော်ချောကလက်(သာဒင်) သေဆုံးခဲ့ရ ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ ည ၁၁ နာရီ ၃ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းတို့တွင် ဗုံးပေါက်ကွဲသံ ၂ ချက် ဆက်တိုက်ထွက်ပေါ်ပြီး ဒေသပြည်သူများ ကြားခဲ့ရကြောင်း၊ သို့ရာတွင် နေရာအတိအကျ မသိရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

1 COMMENT

  1. Khit Thit ရေ၊အလျှဉ်မီတင်ပြပေးနေတဲ့သတင်းတွေအတွက် ကျေးဇူးပါဗျာ။‌နေ့စွဲလေးတွေတော့ သတိထားပေးဖို့ အကြံပြုပါရစေ။
    ဖုန်းထဲ နိူတီတက်တာက ဒီနေ့ မေ ၃၀ ည ၃၅ မိနစ်။
    သတင်းစာကိုယ်မှာ ဗုံးပေါက်ချိန်က မေ ၃၀ ည ၁၀:၄၀ တဲ့ဗျ

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article