25 C
Yangon

တောင်ဥက္ကလာမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို ဖော်ဆောင်နေသော ၁၄ ရပ်ကွက်နှင့် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို ဖောက်ခွဲ တိုက်ခိုက်

Must read

တောင်ဥက္ကလာမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို ဖော်ဆောင်နေသော ၁၄ ရပ်ကွက်နှင့် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို ဖောက်ခွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၃၀

ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်တွင် မတရား စစ်မှုထမ်း ဥပဒေကို ဖော်ဆောင်နေသော ၁၄ ရပ်ကွက်နှင့် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်နှင့် ည ၁၁ နာရီ ၃ မိနစ်တို့တွင် တောင်ဥက္ကလာမြို့နယ်၊ သံသုမာလမ်းမပေါ်ရှိ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ဝေဇယန္တာ လမ်းမပေါ်ရှိ ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို Operation Flame (OF) အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက် ပျက်စီးမှု တချို့ရှိခဲ့ပြီး အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း၊ ယင်း စစ်ဆင်ရေး ပြီးဆုံးပြီးနောက် တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ပိုပြီး ထိထိ ရောရောက် ရှေ့ဆက်လုပ်ဆောင်သွားမှာပါ။ ပျက်စီးမှု တချို့ရှိပေမယ့် အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ အတွင်း ပြည်သူများကို အတင်းအဓမ္မ စစ်ကျွန်ပြုနေသော အကြမ်းဖက် စစ်တပ်နှင့် အားပေးအားမြှောက် ဝိုင်းဝန်းလုပ်ဆောင်နေသူ အုပ်ချုပ်ရေးမှူးများ၊ နောက်လိုက် နောက်ပါများ အားလုံးကို စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article