25 C
Yangon

မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာအထိုင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာအထိုင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ရွာ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ၈၁ မမ စိန်ပြောင်း ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SSTF – People’s Police အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၂၉ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့် မတ္တရာမြို့နယ်၊၊ ငါးလုံးပြွန်ရွာ အကြမ်း ဖက်စစ်တပ် အထိုင်စခန်းကို SSTF – People’s Police အဖွဲ့မှ ရပ်ကျေးပကဖ အဖွဲ့များ နှင့်ပူးပေါင်း ပြီး ၈၁ မမ စိန်ပြောင်း လက်နက်ကြီးဖြင့် ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်သည့် ဘန်ကာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“အဲဒီနေရာက စစ်နဲ့ရဲ ‌ပေါင်းထိုင်ရောပါ စစ်အင်အား ၅၀ လောက်ရှိတယ်။ ဗျူဟာတစ်ခု အရ ခြိမ်း‌ခြောက်ပစ်ခတ်မှု ပြုလုပ်တာပါ။ သေဆုံးထိခိုက်မှု အခြေအနေ မသိရသေးပါဘူး” ဟု SSTF – People’s Police အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်စခန်းမှ စစ်သားများသည် အနီးအနားကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူ များအပေါ် ဖိနှိပ်အနိုင်ကျင့်ခြင်း၊ အတင်းအဓမ္မဖမ်းဆီးကာ ငွေကြေးတောင်းခံခြင်း စသည့် စစ်ရာဇ ဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article