25 C
Yangon

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြား

Must read

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ မေ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ဗိုလ်ကျားရိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောဆိုသည်။

မေလ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ပျူစောထီးကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို Civil Armed Force ၊ 96 Soldiers ၊ People Libration Army (PLA) နှင့် Ka Naung တပ်ဖွဲ့တို့က ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲသည် ၅ နာရီခန့် ကြာမြင့်ခဲ့ပြီး ညောင်ကိုင်း ပျူစောထီး ခေါင်းဆောင် စိုးနိုင်၏ သားအကြီး ပျူစောထီး ကျောက်စိမ်း ၊ ပျူစောထီး ဝင်းမြင့်၊ ပျူစောထီး အောင်ဘုနှင့် ပျူစောထီး လပွတ်တို့ အပါအဝင် စစ်သား ၉ ဦး သေဆုံးကာ ပျူစောထီးနှင့် စစ်သား ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကူများ လာရောက်သည့် တည်သီးတောကျေးရွာနှင့် ညောင်ကိုင်းကျေးရွာကို အကြား ဖြတ်တောက် တိုက်ခိုက်ရေး တာဝန်ကို ဗိုလ်ကျားရိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ၉ ကောင်သေဆုံးတယ်လို့ သိရတယ်။ အဲရွာမှာက စစ်ခွေးတွေရော ပျူစောထီးတွေရော ရှိတယ်။ ထိခိုက်ဒဏ်ရာရတာက ၁၅ ကောင်ရှိတယ်လို့ သိရတယ်” ဟု ဗိုလ်ကျားရိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရွှေဘိုခရိုင်တပ်ရင်း ၂၁ ၊ ရေဦးမြို့နယ် ပကဖ ( Phoenix တပ်ခွဲ၊ Galaxy Force )၊ ရွှေဘိုမြို့နယ် မဟူရာရွှေဘိုသား(LPDF) နှင့် Zero Fighter Squad (Depeyin)တို့မှ အင်အားဖြည့် ကူညီတိုက်ခိုက်ခဲ့ကြပြီး ‌လက်နက်ကြီးပစ်ကူအဖြစ် Lightning Drone Force ၊ ကနီမြို့နယ် ပ.က.ဖ ( ဂျိုးဖြူ Drone တပ်ဖွဲ့ ) နှင့် အရာတော်မြို့နယ် နောင်ရိုးတပ်ဖွဲ့မှ တပ်ကူပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article