25 C
Yangon

ဘူးသီးတောင်မြို့ကို သိမ်းပိုက်ထားသော AA က ဘူးသီးတောင်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို ပြန်လွှတ်ပေးပြီး ကျန်အကျဉ်းသား ၆၇ ဦး ၏ ပြစ်မှုနှင့် ပြစ်ဒဏ် ပြန်လည်စိစစ်မည်ဟုဆို

Must read

ရန်ကုန်၊ မေ ၃၁

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့ကို သိမ်းပိုက်ထားသော AA က ဘူးသီးတောင်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၁ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန်အကျဉ်းသား ၆၇ ဦး ပြစ်မှုနှင့် ပြစ်ဒဏ် ပြန်လည်စိစစ်မည်ဖြစ်ကြောင်း AA က သတင်းထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် AA က ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ် အပါ အဝင် တပ်ရင်း၊တပ်စခန်းအားလုံးကို အပြီးသိမ်းပိုက်ခဲ့ကြောင်း၊ AA က ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံ ရေးအကျဉ်းသားများနှင့် ရာဇဝတ်အကျဉ်းသား စုစုပေါင်း ၉၈ ဦးကို မေလ ၁၆ ရက်နေ့၌ ဘေးလွတ်ရာသို့ ကယ်ထုတ်လာနိုင်ခဲ့ကြောင်း၊ အကျဉ်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ်လိုအပ်လျက်ရှိသော စားဝတ်နေရေးထောက်ပံ့ကူညီမှုများကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရှီရသည်။

မေလ ၂၆ ရက်နေ့တွင် AA က နိုင်ငံရေးအကျဉ်းသား ၃၁ ဦး ကို မိသားစုဝင်များနှင့် ဆက်သွယ်ပေးကာ မိသားစုဝင်များထံ ဘေးကင်းစွာ ပြန်နိုင်ရေးအတွက် လိုအပ်သည့် ငွေကြေးထောက်ပံ့မှုအချို့ကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့ နေထိုင်ရာ ကျေးရွာများတွင် သွားရောက်နေထိုင်နေကြပြီဖြစ်သည့်အပြင် ၎င်းတို့ကို ဆက်လက်ကူညီ ထောက်ပံ့လျက်ရှိကြောင်း AA က ပြောသည်။

အသက်ရှင်ကျန်ရစ်ခဲ့ကြပြီး ကယ်ထုတ်ပေးထားသော အခြားအကျဉ်းသားများကို ၎င်းတို့ကျုးလွန်ခဲ့သည့် ပြစ်မှုများနှင့် ကျခံထားပြီး ပြစ်ဒဏ်များကို ပြန်လည်စိစစ်ကာ ရက္ခိုင်အမျိုးသားအဖွဲချုပ်အနေဖြင့် လုပ်ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AA က ဆိုသည်။

ဓာတ်ပုံ – ဘူးသီးတောင် အကျဉ်းထောင်။(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဘူးသီးတောင် အကျဉ်းထောင်။(ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article