25 C
Yangon

တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို မင်းအောင်လှိုင်က တန်းပြည့်စစ်မှုထမ်းသူများအဖြစ် အမိန့်ပေးသတ်မှတ်မှု တပ်မိသားစုဝင်များကို အသိမပေး၍ မည်သူမှ မသိရှိ

Must read

တပ်မိသားစုဝင်များအားလုံး နာရေး၊သာရေး၊ ကျန်းမာရေးနှင့် မည်သည့်ကိစ္စအတွက်မှ တပ်ပြင်ပ ခရီးသွားခွင့်မရရှိမှု လချီကြာမြင့်နေ

ရန်ကုန်၊ မေ ၃၁

အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းစစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို မင်း တန်းပြည့်စစ်မှုထမ်းသူများအဖြစ် အမိန့်ပေးသတ်မှတ်မှုကို အဆိုပါတိုင်းစစ်ဌာနချုပ် ၈ ခုမှ တပ်မိသားစုဝင်များကို အသိမပေးခြင်းမရှိ၍ မည်သူမှ မသိရှိကြကြောင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့တွင် အကြမ်းဖက်မင်းအောင်လှိုင်က ယင်းအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ များအပါအဝင် တိုင်းစစ်ဌာနချုပ် နယ်မြေ ၈ ခုတွင် တာဝန်ထမ်းဆောင်နေသည့် စစ်သား၊ နယ်ခြားစောင့်၊ စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ယူထားရသည့် ရဲများ၊ ပြည်သူ့စစ်နင့်ပျူစောထီးများ အားလုံးကို ၂၄ နာရီ စစ်ဆင်ရေးအတွက် အမြဲအသင့်ရှိရမည့် တန်းပြည့်စစ်မှုထမ်းနေကြရသူများအဖြစ် သတ်မှတ်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျမတို့ကို တပ်မတော်မိသားစုဝင်တွေ အပါအဝင် တပ်ထဲနေသူအားလုံးကို ၂၄ နာရီ တန်းပြည့်စစ်မှုထမ်းသူတွေ အဖြစ် သတ်မှတ်တယ်ဆိုတာ ခေတ်သစ်က သတင်းတက်လာမှ သိတာ။ အဲဒီမှ အဲဒါ ဟုတ်သလားလို့ အမျိုးသား(တပ်ကြပ်ကြီး)ကနေတစ်ဆင့် မေးကြည့်တော့မှ သူ့တပ်ရင်းမှူးက ဟုတ်တယ်လို့ ပြန်ဖြေတယ်ပြောတယ်။ တပ်မိသားစုဝင်တွေကို တန်းပြည့်စစ်မှုထမ်းသူများအဖြစ် သတ်မှတ်တယ်ဆိုတာမျိုးလည်း ဘာမှ မပြောဘူး။ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ ၂၄ နာရီကင်းတွေပဲ ထားတာမျိုးပဲ လုပ်တာ။ ဘာဆိုဘာမှ မပြောတာ” ဟု အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ မုံရွာမြို့အခြေစိုက်အမှတ် ၉၀၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ စစ်သည်တစ်ဦးကလည်း စစ်သည်နှင့်အရာရှိများကို တန်းပြည့်စစ်မှုထမ်းများအဖြစ် သတ်မှတ်မှုကို အသိမပေးကြောင်း၊ စစ်သည်နှင့်အရာရှိများ၊ တပ်မိသားစုဝင်များကို နာရေး၊ သာရေး၊ ကျန်းမာရေးနှင့် အခြားမည်သည့်ကိစ္စအတွက်မှ တပ်ပြင်ပ ခရီးသွားလာခွင့်မပြုသည်မှာ ၉ လနီးပါးရှိနေပြီဖြစ်ကြောင်း ပြောဆိုသည်။

“စစ်သည်အရာရှိတွေလည်း ခွင့်မပေးဘူး။ နာရေးဖြစ်တာ၊ ကျန်းမာရေးမကောင်းတာတောင် ခွင့်မပေးပါဘူး။ တပ်မိသားစုတွေရော ခွင့်မပေးတာ။ အဲဒါ ၉ လလောက်ရှိနေပြီ။ တပ်ရင်းမှူးက နားလည်မှုနဲ့ တောင် ခွင့်မပေးဘူး။ စစ်ဆင်ရေးကာလမို့ မပေးတာဆိုပြီးပဲ ပြောတယ်။ တန်းပြည့်စစ်မှုထမ်း အဖြစ် မသတ်မှတ်ခင်ကတည်းက ဘာခွင့်မှ မပေးတာ။ တပ်ပြင်ပကို ထွက်ခွင့်မပြုတာ။ အခု တန်းပြည့်စစ်မှုထမ်းအဖြစ် သတ်မှတ်ပြီးပြီဆိုတော့ ပိုဆိုးဖို့ပဲရှိတော့တယ်” ဟု အမှတ် ၃၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းမှ စစ်သည်က ရှင်းပြသည်။

CDM ဗိုလ်ကြီးလင်းထက်အောင်ကမူ တန်းပြည့်စစ်မှုထမ်းများအဖြစ် စစ်ဌာနချုပ်နယ်မြေ ၈ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တန်းပြည့်စစ်မှုထမ်းများအဖြစ် သတ်မှတ်ခြင်းမှာ စစ်ကောင်စီအနေဖြင့် စစ်ရှုံးနေခြင်းကို ဝန်ခံခြင်းဖြစ်သည်ဟု မှတ်ချက်ပြုသည်။

” ငါတို့စောက်ရမ်းတိုင်တွေပတ် ဒုက္ခတွေရောက်ပြီး။ စစ်လည်းရှုံးနေပြီ ။မင်းတို့တွေ ၂၄ နာရီ အမြဲအသင့်ရှိထား ” ဆိုပြီး သူ့ကောင်တွေကို သူတိုကိုယ်တိုင် စစ်ရှုံးနေပြီဆိုတာကို ဝန်ခံလိုက်တာပဲ ။ ဒီတော့ ပြောချင်တာက လက် ရှိမှာ တိုင်းစစ်ဌာနချုပ်တွေရှိတဲ့ ကချင်နဲ့ ရခိုင်မှာ ဘယ်သူက အရင်ဆုံးဌာနချုပ်တွေကို သိမ်းမလဲဆိုတာ မသိဘူး။ သိုသော် သိမ်းတာက သိမ်းလိမ့်မယ် ဒီတော့ တိုင်းစစ်ဌာနချုပ်လိုနေရာကို သိမ်းရတာ မလွယ်ဘူး၊ သိမ်းပြီဆိုရင်လည်း နှစ်ဖက်စလုံး ထိခိုက်မှုတွေရှိလာနိုင်တယ်” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က မှတ်ချက်ပြုထားသည်။

CDM ဗိုလ်ကြီးဇင်ယော်ကလည်း တိုင်းစစ်ဌာနချုပ် ၈ ခုကို တန်းပြည့်စစ်မှုထမ်းများအဖြစ် သတ်မှတ်ခြင်းသည် စစ်ကောင်စီ၏ အခြေအနေ မကောင်းမှုကို ထင်သာမြင်သာရှိစေသည့်အပြင် တပ်တွင်း စိတ်ဝမ်းကွဲမှုများဖြစ်ပေါ် စေလိမ့်မည်ဟု မှတ်ချက်ပြုထားသည်။

“တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတာ ၈ ခု​က တန်းပြည့်စစ်မှုထမ်းချိန် ဖြစ်သွားရှာပြီ။ စစ်တပ်မှာ စစ်မှု ထမ်းချိန် နှစ်မျိုးက သာမန်စစ်မှု ထမ်းချိန်နဲ့ တန်းပြည့်စစ်မှုထမ်းချိန်။တန်းပြည့်စစ်မှု ထမ်းချိန်ဆိုတာ လေ့ကျင့်ရေးကာလ အပါအ၀င် ရန် သူနဲ့ ရင်ဆိုင်တိုက်ခိုက်ရတယ် ဆိုတဲ့သဘောပါ။အဲဒီတော့ ရှစ်ခုက ပလုံတော့မယ်။ ဒီအမိန့်ထုတ်လိုက်တော့ ပိုပြီး စိတ်၀မ်းကွဲကုန်ပြန်ရော။တန်းပြည့်စစ်မှုထမ်းချိန် သတ်မှတ်ရင် စစ်ဆင် ရေး နေ့တွက်စရိတ် တစ်ရက်ကို ၁၂၀၀ ရကြပါတယ်။နေပူတော်က ဒရုန်းကြောက်ရ ဗုံးကြောက်ရနဲ့ တန်းပြည့်စစ်မှုထမ်းချိန် မကြေညာတော့ နေ့တွက်စရိတ် မရကြဘူး။ နေပူတော်ကို ထည့်ကြေညာရင်လည်း အရှက် တက် တက်စင်အောင်ကွဲလိမ့်မယ်။မကြာ​တော့ဘူး။လာလိမ့်မယ်ထင်ပါရဲ့” ဟု CDM ဗိုလ်ကြီးဇင်ယော်က လူမှုကွန်ရက်တွင် မှတ်ချက်ပြုရေးသားထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article