25 C
Yangon

တမူးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် မန္တလေး Rum အရက်ဖာ ၁၀၀ ကျော် ဖမ်းဆီးပြီး ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း၌ ဖမ်းဆီးရရှိသော အကြမ်းဖက်စစ်တပ် ထုတ်ကုန် မန္တလေး Rum ဖာ ၁၀၀ ကျော်ကို ဖျက်ဆီးခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ၁၂ ဘီးကားဖြင့် သယ်ဆောင်လာသည့် အကြမ်းဖက်စစ်တပ် ထုတ်ကုန် မန္တလေး ရမ် ဖာ ၁၀၀ ကျော်ကို ဖမ်းမိခဲ့ပြီး သယ်ဆောင်လာသည့် ကားသမား ၃ ဦးကို ထိုက်သင့်သည့် ပြစ်ဒဏ်ပေးကာ ခံဝန်လက်မှတ်ရေးထိုး၍ ပြန်လွှတ်လိုက်ကြောင်း၊ ဖမ်းဆီးရရှိသည့် အရက်များကို ဖျက်ဆီး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့ရက် ရက်ပိုင်းက ဖမ်းမိတာဗျ။ တမူးမြို့နယ်ထဲမှာပဲ။ မန္တလေးရမ် အဖြူနဲ့အနီ ဖာ ၁၀၀ ကျော်။ တမူးမြို့နယ်ထဲမှာပဲ ဖမ်းမိခဲ့တာ။ ဖမ်းမိ တာကတော့ စုစုပေါင်း ၃ ကြိမ်ဖမ်းမိတာ။ ၁၂ ဘီးကားနဲ့ ဖမ်းမိ တာ။ ကားသမားတွေကိုတော့ ကျနော်တို့က ထိုက်သင့်တဲ့ပြစ်ဒဏ်ပေးပြီးတော့ ခံဝန်ထိုးပြီးတော့ ပြန်လွှတ် လိုက် တယ်” ဟု တမူး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

စစ်ကိုင်းတိုင်းတမူးမြို့နယ်တွင် စစ်တပ်ထုတ်ကုန်များ၊ မူးယစ်ဆေးဝါးများကို တော်လှန်ရေးတပ်ဖွဲ့များက စီမံချက် ချ၍ ဖမ်းဆီး အပြစ်ပေး အရေးယူ ဖျက်ဆီးမှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article