29 C
Yangon

ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပျူစောထီး ၅ ဦး အပြင်း အထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၃၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော် ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Sagaing District Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၃၀ ရက်နံနက် ၈ နာရီ မိနစ် ၃၀ အချိန်မှစ၍ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာ ပျူစောထီးစခန်းကို Share Htoo Wow နည်းပညာဒရုန်းများဖြင့် Air bomb ၁၀ လုံးကျဲချ တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်လက်ကိုင်တုတ် ပျူစောထီး ၅ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“၅ ဦး ဒဏ်ရာအပြင်းအထန်ရတယ်၊ သေဖို့များတယ်လို့ပဲ သိရတယ်။ အခုတော့ မသေသေးဘူး။ လက်နက်ကြီး ၆၀ မမနဲ့ ၅ လုံးပြန်ပစ်တယ်။ ကျနော်တို့ရဲဘော်တွေတော့ အထိအခိုက်မရှိပါဘူး” ဟု Sagaing District Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Sagaing District Drone Force SDDF ၊ မြောင်မြို့နယ်အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ – MSPDF ၊ မြင်းခြံခရိုင် တပ်ရင်း ၈ ၊ CHU ဒရုန်း လက်ရုံးတပ် နှင့် Meikhtila Special Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article