25 C
Yangon

ပြည်တွင်းရွှေစျေးကွက်တွင် ရွှေစျေးနှုန်းကျဆင်းချိန် အရောင်းအဝယ် လျော့ကျပြီး ရွှေတုံးရောင်းချမှု ရပ်ဆိုင်းနေ

Must read

ရန်ကုန်၊ မေ ၃၁

ပြည်တွင်းရွှေစျေးကွက်တွင် ရွှေစျေးနှုန်းများ ပြန်လည် ကျဆင်းချိန် အရောင်း အဝယ် လျော့ကျပြီး ရွှေတုံးရောင်းချမှု ရပ်ဆိုင်းနေကြောင်း ရန်ကုန်ရွှေကုန်သည်များထံမှ သိရှိရသည်။

မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် မီးလင်းရွှေစျေးနှုန်းသည် အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၅ သောင်း ရှိခဲ့ပြီး ကုန်သည်နှင့်ရွှေဆိုင်များက အခေါက်ရွေတုံးများ ရောင်းချမှု နည်းပါးကြောင်း၊ အဝယ်သာလက်ခံကြောင်း၊ မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် အခေါက်ရွှေစျေးနှုန်းမှာ ၅၆ သိန်း ဖြင် စျေးပိတ်သွားခဲ့ကြောင်း သိရှိရသည်။

“ရွှေက အပိုင်းရော အထုပ်ရော ရောင်းသူမရှိဘူး။ အပြင်စျေးကွက်မှာတော့ အထည်နဲ့ ဖြတ်စတွေ ရောင်းကြတာ ရှိမယ်ထင်တယ်။ တကယ့် စီးပွားဖြစ်လုပ်တဲ့ စျေးကွက်မှာတော့ ရောင်းသူမရှိဘူး။ ကုန်သည်တွေလည်း မလာကြတာရှိသလို ဆိုင်တွေလည်း ပစ္စည်းမရှိလို့ မရောင်းပေးကြဘူး။ စျေးကွက်က ရပ်သလိုဖြစ်နေတယ်” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

ပြည်တွင်းနိုင်ငံခြားငွေလဲစျေးကွက်တွင်မူ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၄၄၅၀ နှင့် ၄၅၀၀ အကြား ငြိမ်နေပြီး အမေရိကန်ဒေါ်လာတန်ဖိုး ပြန်လည်မြင့်တက်ရန် တာစူနေသည့်အခြေအနေမျိုးမြင်တွေ့ရသည်ဟု နိုင်ငံခြားငွေလဲဒိုင်တချို့ကဆိုသည်။

“ကျပ်ငွေပြန်ထုတ်တာလည်းများတော့ ပြန်တက်ဖို့များတယ်။ စနေ၊ တနင်္ဂနွေလည်း ခံသွားတော့ ရက်ပိုင်းတော့ ငြိမ်ဦးမယ်။ ကျပ်ငွေ အကျနဲ့ ဒေါ်လာ အတက်ပဲ မြင်ပါတယ်” ဟု ရန်ကုန်နိုင်ငံခြားငွေလက်ကြီးဒိုင်က ဆိုသည်။

စစ်ကောင်စီ၏ဗဟိုဘဏ်က အွန်လိုင်းပေါ်မှ ငွေလဲနှုန်းများကို မယုံကြည်ကြရန်၊ နိုင်ငံခြားငွေစျေးကစားခြင်းမပြုရန် သတိပေးမှုများ လုပ်ဆောင်ပြီး အဖမ်းအဆီးများနှင့် ကုန်သည်များကို ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိရာ ဟွန်ဒီသမား ၁၂ ဦးကို ဖမ်းဆီးခြင်းနှင့် ငွေစာရင်းများ ပိတ်သိမ်းခြင်းများ လုပ်ဆောင်လိုက်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article