ဒီကနေ့ မေ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်မှာ စစ်တပ်ထိပ်ပိုင်း အသိုင်းအ၀ိုင်းက စစ်ခေါင်းဆောင် မင်းအောင်လှိင်အပေါ် မကျေနပ်မှုတွေ များပြားနေပြီး သူ့ကို ဖယ်ရှားဖို ကြံစည်မှုတွေ ရှိလာနိုင်တယ်လို နိုင်ငံတကာ Crisis Group က အစီရင်ခံစာ ထုတ်ပြန်ပြီး သုံးသပ် ပြောဆိုလိုက်ပါတယ်။
- မကွေးတိုင်း ၊ ပခုက္ကူမြိုနယ် ၊ အရှေ့ဘုန်းကံရွာ အနီးမှာ ကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်က အရာရှိ နဲ့ စစ်သား ၂ ဦးကို တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သားကို သေနတ် ၂ လက်နဲ့ အရှင်ဖမ်းမိပြီး အရာရှိက ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်လို King Cobra PDF တပ်ဖွဲရဲ့ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း ၊ သာယာ၀တီမြို၊ ကွက်သစ်ရပ်ကွက်က မောင်ဝင်းမြင့်သွင် ဆိုသူလူငယ်ကို စစ်မှုထမ်းဖို ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး လှမင်းက အဓမ္မ ဆင့်ခေါ်ခံရမှုကြောင့် မိခင်ဖြစ်သူဟာ ပူဆွေးသောက ရောက်ပြီး ကွယ်လွန်သွားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
