25 C
Yangon

ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ရဲ ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ရဲ ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇွန် ၂

ချင်းပြည်နယ်၊ ဖလမ်းမြို့မှ ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ရဲ ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Chin National Organization အဖွဲ့ထံမှ သိရသည်။

မေလ ၃၁ ရက်နေ့တွင် ဖလမ်းမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ရဲတပ်ဖွဲ့၀င် ၃ ဦးသည် လက်နက်များ ယူဆောင်လာပြီး CNO/CNDF ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်ရောက်လာသော ရဲ ၃ ဦးမှာ ရဲတပ်ကြပ်ကြီး ဦးဆန်ထောင်း၊ ရဲတပ်သား ဟိန်းထက်စံနှင့် ရဲတပ်သား ဟွာခန့်စိန် တို့ဖြစ်ပြီး ရဲတပ်သား ဟိန်းထက်စံက G3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ 7.62 ကျည် ၁၈၄ တောင့်၊ ကျည်ဘောက် ၃ ခု နှင့် ရဲတပ်သား ဟွာခန့်စိန်က လက်ပစ်ဗုံး ၂ လုံး၊ 7.62 ကျည်ဆံ ၁၀၅ တောင့်နှင့် အတူ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ၃ ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article