26 C
Yangon

စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်မှု အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ဘဲ ရန်သူ့လက်ထဲ ပြန်မရောက်ရေး စုပေါင်းကာကွယ်ရန် KNLA ဗိုလ်မှူးချုပ် တာမလာသော သတိပေး

Must read

စစ်ကောင်စီ၏ သင်္ဃန်းညီနောင် အခြေချ ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်မှု အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ဘဲ ရန်သူ့လက်ထဲ ပြန်မရောက်ရေး စုပေါင်းကာကွယ်ရန် KNLA ဗိုလ်မှူးချုပ် တာမလာသော သတိပေး

ရန်ကုန်၊ ဇွန် ၂

ကရင်ပြည်နယ်၊ အာရှလမ်းမကြီးပေါ်မှ တိုက်ပွဲများနှင့် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကို သိမ်း ပိုက်နိုင်ခဲ့မှု ကရင့်တော်လှန်ရေး အောင်မြင်ရေးအတွက် အမှတ် သင်္ကေတဖြစ်၍ အမှားမခံနိုင်ကြောင်း ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) မှ စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် တာမလာသော က သတိပေး ပြောဆိုလိုက်သည်။

အာရှလမ်းမကြီးပေါ်မှ KNLA ဦးဆောင်သော စစ်ရေးလှုပ်ရှားမှုများကို ပံ့ပိုးကူညီမည့် Campaign – တောနော် အစီအစဉ်တွင် KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် တာမလာသောက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ၏ အခြေချဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက်လုံးတွင် ၁၂၂ မမ အမြောက် ၂ လက်ရရှိသည်အထိ အောင်မြင်မှုမျိုးမရှိခဲ့ကြောင်း၊ ထို့ကြောင့်ဂုဏ်ယူစရာဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အခြေချ ဗျူဟာစခန်းသည် အာရှလမ်းမပေါ်တွင် တည်ရှိနေခြင်း၊ နှစ်နိုင်ငံဆက်ဆံရေးသမာက နိုင်ငံမြောက်များစွာဖြင့် ပတ်သက်ဆက်နွယ် လျက်ရှိကြောင်း၊ မိမိတို့၏ အောင်မြင်မှုဥည် ကြီးမားသည့် နိုင်ငံ အပြောင်းအလဲ လက္ခဏာဆောင်နေကြောင်း၊ စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း ကြီးမားစွာ အထိနာနေကြောင်း ၎င်းက ဆိုသည်။

အာရှလမ်းမပေါ်ရှိ စစ်ကောင်စီ၏ မဟာဗျူဟာမြောက်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေကြောင်း၊ ထို့ကြောင့် ဒုစစ်ခေါင်းဆောင်စိုးဝင်းကိုယ်တိုင် မော်လမြိုင်တွင် လာရောက်ကွပ်ကဲနေခဲ့ရကြောင်း၊ စစ်ကောင်စီက ၎င်းတို့၏ စစ်ရေးမဟာဗျူဟာအား တော် လှန်ရေးထောက်ခံအားပေးသူများ အာရုံမစိုက်နိုင်စေရန် သတင်းအမှန်တချို့နှင့် မွှေနှောက်ထားသော လုပ်ကြံသတင်းများ ဖန်တဆီးကား စိတ်ဓာတ်စစ်ဆင်ရေးကို တစ်စိုက်မတ်မတ် လုပ်ဆောင် ဖြန့်ဝေလျက်ရှိကြောင်း ၎င်းက သတိပေးသည်။

ကရင့်တော်လှန်ရေးသမိုင်းတွင် ဆုံးရှုံးခဲ့သော တိုက်ပွဲကြီး ၂ ခုကို သင်ခန်းစာယူရမည်ဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် ဘုရားသုံးဆူတိုက်ပွဲတွင် မိမိတို့မဟာမိတ်များအကြား နယ်မြေလုရာမှ တင်းမာမှုဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခ အဆင့်သို့ ရောက်ရှိသွားကာ နောက်ဆုံးတွင် ဘုရားသုံးဆူသည် ရန်သူစစ်အာရှင်လက်ထဲ ရောက်ရှိခဲ့ကြောင်း၊ အလားတူ ၁၉၈၈ ခုနှစ် မယ်သဝေါတိုက်ပွဲတွင်လည်း ရန်သူ၏ နယ်စပ်စခန်းကို အစီအစဉ် ကောင်းစွာ မရှိဘဲ အလွယ်တကူ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ရန်သူကလည်း အရေးပါသည့် နယ်စပ်စခန်းဖြစ်၍ စစ်ရုံးချုပ်က ဗိုလ်ချုပ် မောင်လှကို စေလွှတ်ကာ နိုင်ငံတော်အဆင့် ကွပ်ကဲခဲ့ကြောင်း၊ လမ်းများဖောက်လုပ်၍ လက်နက်ကြီးများစွာ ပို့ဆောင် ပစ်ခတ်ခဲ့၍ နောက်ဆုံးတွင် စခန်းကို လက်လွှတ်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် အဆိုပါ တိုက်ပွဲ ၂ ခုကို သင်ခန်းစာယူကာ ရန်သူ၏ လုပ်ကြံသတင်းများတွင် စီးမျောမနေဘဲ စစ်အာဏာရှင်ကျဆုံးရေါ် မဟာဗျူဟာနှင့် နည်းဗျူဟာ ရေးဆွဲထားကြောင်း၊ စစ်ရေးနှင့်အုပ်ချုပ်ရေး ဟန်ချက် ညီညီဖြင့် သွားရန် စီမံချက်ချမှတ်ထားပြီးဖြစ်ကြောင်း၊ တိုက်ခိုက်သိမ်းပိုက်ရရှိထားသော အာဏာ လေဟာနယ်အား ဖြည့်တင်းရန် စီမံချက်ရေးဆွဲထားကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီမှာ စိတ်ဓာတ်ရေးရာအရ ကျဆင်းနေပြီဖြစ်သော်လည်း လက်နက်နှင့် အရင်းအမြစ်ရှိနေသဖြင့် ရေရှည်စစ်ကို ဆင်နွှဲကာ တော်လှန်ရေးတပ်များ၏ ကျည်ခဲယမ်းကို ပြုန်းတီးစေပြီး တိုက်ခိုက်ချေမှုန်းရန် ကြံစည်နေသည်မှာ ယုံမှား သံသယရှိစရာမလိုကြောင်း၊ ထို့ကြောင့် အာရှ လမ်းမပေါ်မှ စစ်ပွဲများသည် ရှေးယခင် တိုက်ပွဲများကို သင်ခန်းစာယူကာ နောက်တစ်ဖန် အမှားမခံရန် အရေးကြီးကြောင်း၊ ရန်သူ့ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် စုပေါင်းပါဝင်ကြရန် ၎င်းက တိုက်တွန်းသွားသည်။

ဓာတ်ပုံ- ဗိုလ်မှူးချုပ် တာမလာသော ။

Photo – KIC ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article