25 C
Yangon

တီးတိန်မြို့ပေါ်ရှိ ပြည်သူ့ နေအိမ်များကို စစ်ကောင်စီတပ်များက ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇွန် ၃

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်ရှိ ပြည်သူ့ နေအိမ်များကို စစ်ကောင်စီတပ်များက ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့ ည ၉ နာရီ စစ်ကောင်စီတပ်များနှင့် ချင်းတော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်များက ချင်းပြည်နယ်၊တီးတိန်မြို့ပေါ် လွယ်ဘွာလ်ရပ်ကွက်ရှိ ပြည်သူ့နေအိမများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

“ဇွန်လ ၁ ရက်နေ့ ည ၉နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြားပစ်ခတ်မှုဖြစ်တယ်။ အဲဒါပြီးတော့ စစ်တပ်က လွယ်ဘွာလ်(Lawibual)ရပ်ကွက်က လူနေအိမ်တွေကို မီးထပ်ရှို့တာဖြစ်တယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်များကို PDF-Zoland နှင့်ချင်းညီနောင်ပူးပေါင်းတပ်များက စတင်ထိုးစစ်ဆင်ခဲ့ပြီး မိုက်ခရိုဝေ့စ်စစ်စခန်းနှင့်နတလရုံးတို့ကိုသိမ်းပိုက်ရရှိထားကာစစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်း၊ယင်းအချိန် စစ်တပ်က တီးတိန်မြို့ပေါ်ရှိ နေအိမ်များကို ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန် တီးတိန်မြို့ပေါ်တွင် ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ် အကြားတိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိပြီး တီးတိန်မြို့ပေါ်မှ နာရီစင်အနီး၊ လွယ်ဘွာလ်ရပ်ကွက်ရှိ ပြည်သူ့ နေအိမ် ၄၀ ကျော် မီး လောင် ပျက်စီးသွားကြောင်း၊ စစ်ဘေးရှောင် ပြည်သူ ထောင်ချီ၍ ထွက်ပြေးနေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – မေလနှောင်းပိုင်း တီးတိန်မြို့ပေါ်တွင် စစ်တပ်၏ မီးရှို့မှုခံရသည့် ပြည်သူ့နေအိမ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article