25 C
Yangon

ပဲခူးတွင် စစ်သားသစ် စုဆောင်းမပေးနိုင်သည့် အလင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စစ်တပ်က ဖမ်းဆီး

Must read

ဖောင်းပြင်နှင့် ဝေါတို့တွင် စစ်တပ်က ပေါ်တာဆွဲနေ၍ လူငယ်များနှင့် အမျိုးသားများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇွန် ၃

ပဲခူးမြို့နယ်တွင် စစ်သားသစ် စုဆောင်းမပေးနိုင်သော အလင်းရောင်ရပ် ကွက်အုပ်ချုပ်ရေးမှူးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ပဲခူးမြို့၊ ဝေါမြို့ အရှေ့ဘက်ကမ်း အလင်းရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျားကြီးကို စစ်တပ်က စစ်သားသစ် စုဆောင်းရန် အမိန့်ပေးခဲ့သော်လည်း တပ် သားသစ် စုဆောင်းနိုင်ခြင်းမရှိသောကြောင့် စစ်တပ်က ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

” အဖမ်းခံရတာတော့ အလင်းရောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျားကြီးပါ။ သူ့ရဲ့ ညီဖြစ်သူ ဒလန် စည်သူက ရွာသစ် ကြက်ဝိုင်းမှာ ပစ်ခတ် ရှင်းလင်း ခံရပြီး နောက်ပိုင်း ကျားကြီးက အုပ်ချုပ်ရေးမှူး နေရာက နှုတ်ထွက်ဖို့ လုပ်နေတာတော့ကြာပြီ။ အခုလူသစ် စုဆောင်းခိုင်းတာ မစုဆောင်းရဲတော့ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဝေါမြို့ပေါ်တွင် ကနောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဖိုးဆိတ် ဦးဆောင်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပူးပေါင်းကာ စစ်သားသစ် စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း၊ ဝေါမြို့ပေါ် ရပ်ကွက်များနှင့် မြို့အနီးအနားရှိ ကျေးရွာမှ အမျိုးသားများသည် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် အတင်းအဓမ္မ လိုက်လံဖမ်းဆီးနေ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ လကုန်ပိုင်းမှ စတင်ကာ ဝေါမြို့ပေါ် ရပ်ကွက်များနှင့် မြို့အနီးအနားရှိ ကျေးရွာများမှ စစ်မှုထမ်းရန် မဲပေါက်ထားသော အမျိုးသားများကို အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ အမည်စာရင်းများဖြင့်လိုက်လံ ဖမ်းဆီးနေ၍ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ဝေါမြို့ပေါ် ရပ်ကွက် အပါအဝင် ရွာနီးစပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်း အဓမ္မ ခေါ်ယူနေလို့ ရပ်ကွက်လုံးကျွတ်၊ ရွာလုံးကျွတ် လူငယ်တွေ ထွက်ပြေးနေကြပါတယ်။ စီမံချက်နဲ့ မဲနှိုက်တာတော့ လွန်ခဲ့တဲ့ တစ်လကျော်ကပါ အခုက မဲပေါက်တာတွေကို စခေါ်နေတော့ ထွက်ပြေးကြတာ” ဟု ဒေသပြည်သူ တစ်ဦးပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ ငှက်ပျောတောရွာကို စစ်တပ်က အမည်စာရင်းဖြင့် စစ်သားသစ် စုဆောင်းရန် လိုက်လံဖမ်းဆီးနေ၍ အမျိုးသားများ နေအိမ်တွင် မနေရဲတော့ဘဲ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မေလ လကုန်ပိုင်းမှ စတင်ကာ ဖောင်းပြင်မြို့နယ်ရှိ ငှက်ပျောတောရွာမှ ဦးသိန်းစိုးဦး၊ ဦးရွှေထူး၊ ဦးကြည်လင်း၊ ဦးဖိုးကျာ်၊ ဦးဖိုးတုတ်နှင့် ဦးဌေးအောင် တို့ ၆ ဦးကို အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် အမည်စာရင်းဖြင့် နေအိမ်များထဲထိ လာရောက် ဖမ်းဆီးသွားပြီးနောက် အမျိုးသားများသည် နေအိမ်များတွင် မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“ကျွန်တော်တို့ရွာက လူငယ် ၆ ဦးကို စာရင်းနဲ့ လာဖမ်းသွားပါတယ်။ ၂ ရက် ၃ ရက် အတွင်း သင်တန်းတက်ရမယ်လို့ သိရတယ်။ သူတို့ စာရင်းပါလာတာတော့ ၆ ဦး မကဘူး။ ဖမ်းဆီခံရတဲ့ သူ ၆ ဦးက မိဘကို လုပ်ကျွေး ပြုစုနေသူတွေပါ အရမ်းကို ရိုးသားတဲ့သူတွေပါ အသက် ၂ဝ နဲ့ ၃၀ ဝန်းကျင်တွေပဲရှိပါသေးတယ်။ အခု အမျိုးသားတွေက ရွာမှာ မနေရဲကျတော့တာများပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလမှစတင်၍ ပြည်သူ့စစ်မှုထမ်း အပတ် စဉ် ၁ ကို စတင်ဖွင့်လှစ်ကာ လစဉ် လူငယ်များနှင့် အမျိုးသားများကို တပ်သား သစ်အဖြစ် စုဆောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – တပ်သားသစ်အဖြစ် စုဆောင်းခံရသော နိုင်ငံတစ်ဝန်းမှ လူငယ် အမျိုး သားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တပ်သားသစ်အဖြစ် စုဆောင်းခံရသော နိုင်ငံတစ်ဝန်းမှ လူငယ် အမျိုး သားများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article