26 C
Yangon

မင်္ဂလာဒုံရဲစခန်းဝင်း၊ ရဲအိမ်ထောင်သည်လိုင်းခန်းအနီးနှင့် မြောက်ဥက္ကလာတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား

Must read

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံရဲစခန်းဝင်း၊ ရဲအိမ်ထောင်သည်လိုင်းခန်းအနီးနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇွန်လ ၂ ရက်နေ့ ည ၇ နာရီ ၅၄ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲအနီးရှိ မင်္ဂလာဒုံ ရဲစခန်းဝင်း၊အိမ် ထောင် သည်လိုင်းခန်းထောင့်တွင် ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ Yangon UG People Armyမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“YUPA အဖွဲ့ဖွဲ့တာတော့ အနည်းငယ်ကြာခဲ့ပါပြီ။ ကူညီမယ့် အထောက်မပံ့တွေမရှိတာရော မစ်ရှင်အတွက်လိုအပ်တဲ့ပစ္စည်းအခက်အခဲလေးတွေကို ရှာနေရတာမို့ အခုမှ မစ်ရှင်အဖွင့်လေးစနိုင်ခဲ့တာပါ” ဟု Yangon UG People Armyမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြောက်ဥက္ကလာပမြို့နယ်တွင် ဗုံးပေါက်ကွဲသံ ၂ ချက်ကြားရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မနေ့မနက် ၁၀ နာရီက အ၀ိုင်းဘက်က ဗုံးပေါက်သံကြားရတာ။ လူထိ၊ မထိတော့ ကျနော်တို့လည်း မသိပါဘူး” ဟု မြောက်ဥက္ကလာပမြို့နယ်၊ ဆေးတက္ကသိုလ် ၂ အနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article