25 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပြည်တွင်းမှာ ရွှေစျေးနှုန်းတွေ မြင့်တက်အောင် ပြုလုပ်တယ်လို့ဆိုပြီး အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း၊ ဇွဲထက်ရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်နဲ့ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းအပါအဝင် ရွှေဆိုင်ပိုင်ရှင်နဲ့ ရွှေကုန်သည် ၁၀ ဦးကို စစ်ကောင်စီက ဇွန်လ ၂ ရက်နေ့ ညပိုင်းမှာ ဖမ်း၀ရမ်း ထုတ်လိုက်ပါတယ်။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ပေါ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်း ရှေ့ တိုး ရန်ကြိုးစားတဲ့အတွက် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးထက်မနည်း သေကာ သေနတ် ၆ လက် သိမ်း ဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
  • အကြမ်းဖက်စစ်တပ်ရဲ့ ဗန်းမော် ခလရ ၂၃၆ က TikTok ဆယ်လီ ဗိုလ်ကြီး ဟိန်းမြတ်ဇင်ဟာ ကချင်ပြည်နယ်တိုက်ပွဲအတွင်း သေဆုံးခဲ့ကာ နာရေးအခမ်းအနားမလုပ်ရဘဲ တိတ်တိတ်ပုန်း သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။
  • ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မီးမရတဲ့အတွက် ပြည်သူတွေရဲ့ လူမှုဘ၀အခြေအနေ ဆိုးဝါးနေပြီး ဖုန်းတစ်လုံး အားသွင်းရင် ငွေကျပ် ၁၀၀၀ နီးပါး ပေးနေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article