25 C
Yangon

မတ္တရာမြို့နယ်၊ စစ်တပ်အထိုင်စခန်းနှင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ စောင့်ကြိုတိုက်ခိုက်ခြင်းများ တော်လှန်ရေးတပ်များက ပူးပေါင်းလုပ်ဆောင်

Must read

ရန်ကုန်၊ ဇွန် ၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပန်းယျရွာနှင့် တံငါတောင်ရွာရှိ အကြမ်းဖက်စစ်တပ်အထိုင်စခန်းတို့ ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ရတနာပုံတပ်ဦးမှ တာဝန်ခံကိုကီရီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က မတ္တရာမြို့နယ်၊ ပန်းယျရွာ မြောက်ကျောင်းသို့ ရောက် ရှိနေသော စခများအား Fixed Wings Drone ဖြင့် ဗုံးသီး ၂ လုံး၊ ထို့နောက်ညနေ ၃ နာရီတွင် မတ္တရာ မြို့ နယ်၊ စကျင်ရွာတွင် အထိုင်ချတပ်စွဲထားသည့် ဘုန်းကြီးကျောင်းထဲသို့ ဗုံးသီး ၁ လုံး၊ စကျင်ရွာ လမ်းဆုံ၌ ပြည်သူ များကို လက်နက်ပြ အနိုင်ကျင့်၊ ဆက်ကြေး ကောက်သောအကြမ်းဖက်စစ်သား များကို ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၃၁ မွန်းလွဲ ၂ နာရီအချိန်တွင်လည်း မတ္တရာမြို့နယ်၊ ပန်းယျရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် သားများအထိုင်ချတပ်စွဲထားသော ရွှေသစ္စာ ဘုရားဝင်းအတွင်းသို့ ဒရုန်း ဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ် (ပကဖ) ၊ 7 PDF (MDY) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စ်စသားများ ထိခိုက် သေ ဆုံးမှုကို အတည်ပြုစုံစမ်းဆဲနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အတူ ဇွန်လ ၂ ရက် နံနက် ၁၁ နာရီအချိန်မှစ၍ မတ္တရာမြို့နယ်၊ တံငါတောင်ရွာရှိ စကစ အထိုင်ချတပ်စွဲ ထား သော ဘုန်းကြီး ကျောင်းဝန်းနှင့် ဘုန်းကြီးကျောင်းအကျော် တံတားအဆင်းရှိ အကြမ်းဖက်စစ် သား များကို Fixed Wings Drone ၃ စီးဖြင့် ဗုံး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို တိကျစွာ ကျဲချနိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ် (ပကဖ)၊ မတ္တရာမြို့နယ်ဒရုန်းတပ်ဖွဲ့ တို့ အတူတကွ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် မတ္တရာမြို့နယ်အတွင်း SSTF-People’s Police လှုပ်ရှားတပ်ဖွဲ့၏ ယာယီအထိုင်ချ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းသို့ စစ်အင်အား ၇၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်လာကြောင်း ကြိုတင်သတင်းရရှိသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၃ ဦးဒဏ်ရာရရှိပြီး စစ်တပ်စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန် အထိ နှစ်ဖက်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း၊ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် စစ်ကြောင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲအတွင်း မိတ်ဖက်အဖွဲ့များဖြစ်သည့် မတ္တရာမြို့နယ် ပကဖ မှ စကစ အထိုင်ဂိတ်စခန်း(တံငါဂိတ်) ကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲချတိုက်ခိုက်ခြင်း၊ တိုက်နယ် ၃ ပကဖက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း စသည်တို့ကိုပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article