25 C
Yangon

ထိုင်းတွင် ကွန်ဒိုဝယ်ယူခြင်း၊ ထိုင်းဘဏ်အကောင့်ဖွင့်လှစ်၍ ဖမ်းဆီးအရေးယူမည်ဆိုလျှင် ကွန်ဒိုခန်း ဝယ်ထားသည့် မင်းအောင်လှိုင် သားအောင်ပြည့်စုံနှင့် ထိုင်းဘဏ်စာရင်း ဖွင့်ထားသော ခင်သီရိသက်မွန်ကို အရေးယူရမည်

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူထားသူ မြန်မာပြည်သူ ၃ ဦးကို ကွန်ဒိုဝယ်ယူမှု၊ ထိုင်းဘဏ်စာရင်း ဖွင့်လှစ်မှုများဖြင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း ယမန်နေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီသတင်းထုတ်ပြန်မှုက စျေးကွက်စီးပွားရေးစနစ်နဲ့ မိမိပိုင် ငွေကြေးကို လွတ်လပ်စွာ သုံးစွဲပိုင်ခွင့် မပြုတော့တဲ့ စစ်အာ ဏာရှင်ရဲ့လုပ်ရပ်လို့ ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါပေမယ့်လည်း ထူးခြားနေတာက အဲဒီလို ထိုင်းနိုင်ငံမှာ ကွန်ဒိုဝယ်ယူခဲ့တာနဲ့ ထိုင်းမှာ ဘဏ်ငွေစာရင်း ဖွင့်လှစ်ခဲ့သူတွေထဲမှာ အစောဆုံးက မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုနဲ့ သမီး ခင်သီရိသက်မွန် တို့ကို ဘာဖြစ်လို့ အရေးမယူခဲ့တာပါလဲ။

ထိုင်းမှာ ကွန်ဒိုဝယ်ရင်၊ ဘဏ်စာရင်းဖွင့်လို့ အရေးယူမယ်ဆိုရင် အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်ကို မဖြစ်မနေကို အရေးယူရမှာဖြစ်ပါတယ်။

မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက ထိုင်းဘတ် ၃၃ သန်းတန် ဘန်ကောက် Belle Grand Rama 9 ကွန်ဒိုဝယ်ယူခြင်း

မူးယစ်ရာဇာ စီးပွားရေးသမား ထွန်းမင်းလတ်ကို ထိုင်းရဲတွေက ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခဲ့စဉ် သူ့လက်ဝယ် လက်ပူးလက်ကြပ် သိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေ မှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ဝယ်ယူထားတဲ့ ဘန်ကောက်မြို့ Belle Grand Rama 9 ကွန်ဒိုအခန်းပါဝင်ပါတယ်။ အောင်ပြည်စုံက Belle Grand Rama 9 ကွန်ဒိုအိမ်ရာမှာ အိပ်ခန်း ၄ ခန်းပါ ဇိမ်ခံကွန်ဒိုအခန်းကို ဝယ်ယူထားခဲ့တာဖြစ်ပါတယ်။ အဲဒီ ကွန်ဒိုပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို ထိုင်းရဲတွေက သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံက အဲဒီ ဘန်ကောက်ကွန်ဒိုအခန်းကို ၂၀၁၇ ခုနှစ်ကဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ဟာ အောင် ပြည်စုံ ရဲ့ဖခင်မင်းအောင်လှိုင်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တဲ့ ရာဇဝတ် မှုတွေ ကျူးလွန်နေတဲ့ချိန်ဖြစ်ပါတယ်။

အောင်ပြည့်စုံ ဝယ်ယူထားတဲ့ အိပ်ခန်းလေးခန်းပါ ကွန်ဒိုခန်းတွေရဲ့ တန်ဖိုးကို လက်ရှိကာလ ပေါက် စျေး ဘတ် ၃၃ သန်းဝန်းကျင်လောက်ရှိပြီး အဲ့ဒီတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁ သန်းနီးပါး ဖြစ်ပါတယ်။ Belle Grand Rama 9 ကွန်ဒိုဟာ ထွန်း မင်း လတ်ကို ဖမ်းဆီးရမိခဲ့တဲ့ ကွန်ဒိုမီနီယံဖြစ်ပြီး အဲဒီကွန်ဒိုမှာ ထွန်းမင်း လတ် က သူ့ရဲ့နာမည်နဲ့ရော ဇနီးဖြစ်တဲ့ ဝင်းမင်းစိုး နာမည်နဲ့ တွဲလျက်ပါ အခန်း ၃ ခန်း ကို ပိုင်ဆိုင်ထားပါတယ်။

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်က ထိုင်း Siam Commercial Bank ငွေစုဘဏ်စာအုပ် ၂ အုပ်ဖွင့်လှစ်ထားခြင်း

ဒါအ့ပြင် မင်းအောင်လှိုင်ရဲ့ သမီးခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Siam Commercial Bank ငွေစုဘဏ်စာအုပ်နှစ်အုပ်ကိုလည်း ထွန်းမင်းလတ်ကို ဖမ်းဆီးခဲ့စဉ်က ထိုင်းရဲတွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ခင်သီရိသက်မွန်နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ Siam Commercial Bank ဘဏ်အကောင့်တွေဟာ ဘန်ကောက်မြို့ရဲ့ အထင်ကရ ရုံးအဆောက်အုံဖြစ်တဲ့ Q House Lumphini မှာ ဖွင့်လှစ်ထားတဲ့ Siam Commercial Bank ဘဏ်ခွဲမှာ ငွေစာရင်း ဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။

မြန်မာပြည်သူတွေကို ထိုင်းမှာ ကွန်ဒိုဝယ်လို့ ၊ ထိုင်းဘဏ်ငွေစာရင်းဖွင့်လို့ အရေးယူမယ်ဆိုရင် အရင်ဆုံးနဲ့ သေချာပေါက် အရေးယူရမှာက မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံနဲ့ မင်းအောင်လှိုင်ရဲ့ သမီး ခင်သီရိသက်မွန်တို့ကို မဖြစ်မနေ အရေးယူရမှာ အသေအချာဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article