25 C
Yangon

မုံရွာမြို့၊ စက်မှုဇုန်အတွင်း ပြည်သူကို ငွေညှစ်နေသော စစ်တပ်ကို ပစ်ခတ်တိုက် ခိုက်မှု စစ်သား ၇ ဦး သေဆုံးပြီး သေနတ် ၂ လက်နှင့်ခဲယမ်းများ သိမ်း ဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ထဲတွင် ပြည်သူကို ငွေညှစ်တောင်းခံလေ့ရှိသော အကြမ်းဖက်စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး‌ သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့်က မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံ အနီးသို့ နေ့စဉ်ကင်းပတ်ကာ ဖြတ်သန်းသွားလာသော ပြည်သူများကို အမြဲတမ်းငွေညှစ်တေင်းခံလေ့ ရှိသော အကြမ်းဖက်စစ်သားများကို အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ ပြီး MA 11 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ကာဘိုင် သေနတ် တစ်လက် ၊ ကာဘိုင် ကျည် ၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း သေဆုံးအကြမ်းဖက်စစ်သားများထံမှ လက်နက်တက်ကောက်သည့် ရဲဘော်တစ်ဦးကို ကျန်ရှိနေသော အကြမ်းဖက်စစ်သား ၁ ဦးက ခုခံပစ်ခတ်ခဲ့ရာ ဦးခေါင်းကျည် ထိမှန် စိုးရိမ်ရ ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကားမှာလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ ၏ အထူးကွန်မန်ဒို တပ်ဖွဲ့ ( Monywa The Boys) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article