25 C
Yangon

မင်းလှမြို့နယ်တွင် ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော စစ်တပ်က လမ်းတစ်လျှောက်မှ ပြည်သူ ၁၀ ဦးကျော်ကို သတ်ဖြတ်ပြီး အလောင်းများကို စွန့်ပစ်

Must read

ရန်ကုန် ၊ ဇွန် ၄

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက လမ်းကြောင်း တလျှောက် တွေ့သမျှပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူ ၁၀ ဦးကျော် သတ်ဖြတ်ခံထားရကြောင်း သာယာ ဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

မေလ ၂၇ ရက်နေ့မှ စတင်ပြီး ပဲခူးရိုးမအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်သားများသည် ကျောက်တံခါးမြို့နယ်၊ ၈ မိုင်ရွာက ပြည်သူ ၃ ဦး၊ ၁၂ မိုင်ရွာက ပြည် သူ ၁ ဦး၊ မေလ ၃၁ ရက်နေ့က မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာမှ ကိုဝင်းဌေး တို့ကို ဖမ်းဆီးကာ သတ် ဖြတ်ခဲ့ပြီး ပြည်သူ ၁၀ ဦး ကျော် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းထိုးတဲ့လမ်းကြောင်းတလျှောက် တွေ့တဲ့ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းလာ တယ်။ ပြီးတော့ သတ်ပစ်တယ်။ စခတွေသတ်တာ တော်တော်များနေပြီ။ သတ်ခံရတာက ၁၀ ဦး ကျော်ရှိနေပြီ။ ကျောက်တံခါးက ၄ ဦးနဲ့ မင်းလှက တစ်ဦးကပဲ နာမည်၊ နေရပ်အတည်ပြုနိုင်တယ်။ ကျန်တဲ့သူတွေက အတည်ပြုမရဘူး။ ရိုးမထဲမှာ သတ်ခံကြရတာ။ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာက ကိုဌေးဝင်းဆို မေလ ၃၁ ရက်နေ့က ရိုးမထဲ ဆိုင်ကယ်စီးလာတုန်း စစ်ကြောင်းနဲ့တိုးပြီး ဖမ်းခံလိုက်ရ တာ။ ငပွေးကြီးချောင်းဆုံးနားမှာ ပုတ်စော်နံလို့ အနီးအနားက ပြည်သူတွေကြည့်တော့ အလောင်း တွေ့ရတာ။ အဝတ်အစားတွေလည်း မွစာကြဲနေတာပဲ၊ ဆိုင်ကယ်ကို ဖျက်ဆီးပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားတယ်” ဟု သာယာ ဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြား သည်။

အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှု ခံလိုက်ရသူများအဖြစ် အတည်ပြုနိုင်သူများမှာ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာ မှ ကိုဌေးဝင်း၊ ကျောက်တံခါးမြို့နယ်၊ ၁၂ မိုင်ရွာက ဖိုးကုလား၊ ၈ မိုင်ရွာက ဦးတာဖိုးတေ တို့ဖြစ်ပြီး ကျန်လူများမှာ နာမည်၊ နေရပ်လိပ်စာ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အင်တာနက်လိုင်းများ လည်းဖြတ်တောက်ခံထားရပြီး စစ်တပ်စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးကြောင်း သိရ သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ရိုးမ အတွင်းသွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်တပ် စစ် ကြောင်းနှင့် ဝေးဝေးရှောင်ရှားနေထိုင်ကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦး က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article