25 C
Yangon

ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၄

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၁ ရက် ည ၈ နာရီခန့်မှ ဇွန်လ ၂ ရက် နံနက်အစောပိုင်း ၁ နာရီအထိ ပေါက်မြို့နယ် ၊ သစ်ချို ကုန်းရွာ ခင်မောင်ရီ ခေါင်းဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက်စစ်သားများ ပူးပေါင်းထား သည့် အထိုင်စခန်းကို Drone ဖြင့် Drop ဗုံးသီးများဖြင့် ကျဲချပြီး လက်နက်ကြီး ၊ လက်နက်ငယ်များ ဖြင့် အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သား၊ ပျူစောထီးများထွက်ပြေးသွားကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထွက်ပြေးသွားပြီးနောက် အထိုင်ချ ကင်းစောင့်နေသော ဘန်ကာများအားလုံးနှင့် ကျေးရွာအတွင်း တပ်စွဲနေထိုင်သော အဆောက်အဦးများအား ဝင်ရောက် ဖျက်ဆီး ရှင်းလင်းကာ ကာဘိုင် သေနတ် တစ်လက် ၊ ကာဘိုင်ကျည်ဘောက် ၃ ခု လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင် ကျည် ၁ဝ၂ တောင့်၊ ၁၂ ဗို့ သေနတ် ၃ လက် ၊ လက်လုပ် သေနတ် ၅ လက် တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ၊ မြိုင် ပကဖ ၊ BLY ပြောက်ကျားတပ်ဖွဲ့၊ SENTHANG REVOLUTION FORCE-S.R.F ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၂ ၊ မကွေးခရိုင်တပ်ရင်း ၂ ၊ ပေါက်မြောက်ပိုင်း တော်လှန်ရေးတပ်ဦး -NPRF ၊ အဆိုတော် အဖွဲ့၊ ပေါက်တောင်ပိုင်း ကျီးကန်း -ပကဖ ၊ PPDF ကင်ဒို ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Pauk Based On Revolution Force -PBRF ဗိုလ်တစ္ဆေအဖွဲ့၊ KMDF -ကမ္မတပ်ပေါင်းစု ၊ စကား ပြောက်ကျားတပ်ဖွဲ့၊ ဦးကြီး တပ်ဖွဲ့၊ ပေါက် ပကဖ Drone တပ်ဖွဲ့၊ BRAF Drone TEAM နှင့် မိုးပျံDrone တပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article