25 C
Yangon

စစ်တွေ၊ ဗျိုင်းဖြူကျေးရွာတွင် စစ်တပ်နှင့်လက်အောက်ခံများက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော ပြည်သူ အရေအတွက် ၇၆ ဦးအထိ တိုးလာ

Must read

ရန်ကုန်၊ ဇွန် ၄

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာတွင် စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော ပြည်သူ အရေအတွက် ၇၆ ဦးအထိ တိုးလာကြောင်း AA က သတင်းထုတ်ပြန်သည်။

စစ်တွေမြို၊ ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများထဲမှ ပြည်သူ ၅၀ ကျော်ကို စစ်ကောင်စီနှင့်လက်အောက်ခံများက မေလ ၂၉ ရက်နေ့မှစတင်ပြီး ၄ ရက်အတွင်း သတ်ဖြတ်ခဲ့ ကြောင်း ကနဦး သိရှိခဲ့ရသော်လည်း ဇွန်လ ၄ ရက်နေ့နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ ပြည်သူ ၇၆ ဦးထိ ရှိလာခဲ့ပြီဖြစ်ဖြစ်ကြောင်း သိရှိရသည်။

ဗျိုင်းဖြူရွာအတွင်းသို့ မေလ ၂၉ ရက်နေ့က ဝင်လာသော စစ်ကောင်စီနှင့် လက်အောက်ခံ အင်အား ၁၇၀ ကျော်ပါ ပူးပေါင်းတပ်ဖွဲ့က လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး တစ်ယောက်မကျန် ဖမ်းဆီးခဲ့ပြီး အပြစ်မဲ့ အရပ်သား ၅၃ ဦးကို လက်ပြန်ကြိုးတုပ် နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် စစ်တွေအခြေစိုက် ဒကစ မှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ တပ်ဖွဲ့ဝင်များနှင့် အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်ထားသော တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရှိရသည်။

ရခိုင်ပြည်က အပြစ်မဲ့အရပ်သားပြည်သူများကို စစ်ရှုံးစစ်ကောင်စီသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ပြန်လည် လက်စားချေတုန့်ပြန်သွားမည်ဟု AA က ဇွန်လ ၂ ရက်တွင် သတိပေးခဲ့ကြောင်း၊ ဗျိုင်းဖြူရွာမှ ကျန်ရှိနေသေးသော ဖမ်းဆီးခံ အရပ်သားပြည်သူများအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း ချက်ချင်းရပ်တန့်ကရပ်ရန်နှင့် နောက်ထပ် အလားတူအဖြစ်မျိုး မဖြစ်ပေါ်စေရန် ပြင်းထန်စွာ သတိပေးလိုကြောင်းလည်း AA က ထုတ်ပြန်ခဲ့သည်။

ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြား အမိန့်ပေးစေခိုင်းသူများနှင့် ညွှန်ကြားချက်အား လိုက် နာအကောင်အထည်ဖော် ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သောသူများအားလုံးကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည်ဟု AA က သတိပေးထားသည်။

ဓာတ်ပုံ – ဗျိုင်းဖြူရွာမှ ပြည်သူများ မေလ ၃၁ ရက်နေ့ စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းသို့ ခိုလှုံရောက်ရှိလာစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဗျိုင်းဖြူရွာမှ ပြည်သူများ မေလ ၃၁ ရက်နေ့ စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းသို့ ခိုလှုံရောက်ရှိလာစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article