25 C
Yangon

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး လာမည့် စင်ကာပူ အစည်းအဝေးတွင် ဆုံးဖြတ်ရန် ရှိနေ

Must read

ရန်ကုန်၊ ဇွန် ၄

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး လာမည့် စင်ကာပူအစည်းအဝေးတွင် ဆုံးဖြတ်ရန် ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့ ကျင်းပနေသည့် မြန်မာ့စီးပွားပျက်ကပ်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့သော်လည်း အဆုံးစွန် အရေးယူမှု မလုပ်သေးဘဲ စောင့်ကြည့်နေကြောင်း၊ လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ပြုလုပ်မည့် FATF ၏ အစည်းအဝေးတွင် မြန်မာ့အခြေအနေကို အဆုံးစွန် အရေးယူမည်ဟု ကြားသိထားကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

“The Financial Action Task Force (FATF) က မြန်မာနိုင်ငံကို ထပ်လောင်းပြီး တိုးမြှင့်အရေးယူမယ့် အလား အလာကိုလည်းမြင်နေရတယ်။ သူတို့ကိုယ်တိုင်လည်း ဒီကိစ္စကို သိပါတယ်။ FATF လို့ ခေါ်တဲ့ ကမ္ဘာ့ဘဏ္ဍာရေးပုလိပ်ကြီးက ၂၀၂၂ ခုနှစ်အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ မျက်နှာစုံညီအစည်းအဝေးမှာ စွန့်စားရခြေသိမ်းများတဲ့ တစ်နည်းအားဖြင့် ပြောရင် ငွေကြေးခဝါချမှု ၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ ငွေရေး ကြေးရေး စွန့်စားရခြေ သိပ်မြင့်တဲ့နိုင်ငံ Blacklist သွင်းခဲ့ပါတယ်။ တစ်ဆုံး အရေးယူမှု မဟုတ်သေးပါဘူး။ တစ်ဆုံးအရေးယူမှုကို ဒီနေ့ ဒီအချိန်မှာ ခံထားရတာက မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်ပြီးတော့ စင်ကာပူမှာ ဒီလ ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်မယ့် FATF အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ အီရန်နဲ့ မြောက်ကိုရီးယားကဲ့သို့ Counter Measure ပြုလုပ်မယ် တစ် နည်းအားဖြင့် ဂိတ်ဆုံးအရေးယူမယ်ဆိုတဲ့ အလားအလာကို ကြားသိနေရတယ်။ ဒါကိုလည်း အကြမ်းဖက်စစ်ကောင်စီနဲ့အပေါင်းအပါများက မျှော်လင့်ပြီးတော့ သူတို့ စိုးရိမ်တကြီးဖြစ်နေတာကို သွားတွေ့ရပါတယ်။ ဒီအခြေအနေကြောင့်မို့လို့ ပဲ ကြံ့ခိုင်ရေး ပါတီအပါအဝင် ပါတီတော်တော်များများ ၂၅ ပါတီက စီးပွားရေးအရပိတ်ဆို့ အရေးယူခံရတာကို ကန့်ကွက်တာက လာမယ့် FATF အစည်းအဝေး ဆုံးဖြတ်ချက် အရေးယူမယ့်ဟာကို ကြိုကန်ပြီး ကြောက် ကန်ကန်ထားတဲ့ အနေအထားလို့လည်း ပြောနိုင်ပါတယ်” ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် FATF က ဂိတ်ဆုံးအရေးယူလိုက်ပါက မြန်မာ့ဘဏ္ဍာရေးလောကနှင့် ကမ္ဘာ့ဘဏ္ဍာရေးလောက အကြား အဆက်အသွယ်ပြတ်တောက်သွားမည်ဖြစ်ပြီး ငွေကြေးနှင့်ဘဏ်ပိုင်း ဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်ခံရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျပ်ငွေမှာ ခိုင်မာမှုမရှိဘဲ ရာဇဝတ်ဂိုဏ်း၏ ငွေကြေးတစ်ခုအဖြစ် သတ်မှတ် အရေးယူခံရမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် FATF ဥက္ကဋ္ဌ T. Raja Kuma က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကြေညာခဲ့သည်။

၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုများရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာမှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက် ခွာခြင်းနှင့် ထပ်မံ၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန်လည်း အခွင့် အလမ်းနည်းပါးနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်ကို စောင့်ကြပ်နေသော အကြမ်း ဖက်ရဲများ။

Photo- AP ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်ကို စောင့်ကြပ်နေသော အကြမ်း ဖက်ရဲများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article